ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်၏ ဒုတိယမြောက်ပွဲတွင် မြန်မာအသင်း မြောက်ကိုရီးယားအသင်းကိုဂိုးပြတ်ရှုံးနိမ့်
NSS - နိုဝင်ဘာ ၂၂
၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့ပွဲစဉ်တွင် မြန်မာအသင်းက မြောက်ကိုရီးယားအသင်းအား ၆ဂိုး-၁ဂိုးဆိုသည့်ရလဒ်ဖြင့်ရှုံးနိမ့်ခဲ့သည်။
အဆိုပါပွဲစဉ်ကို ယမန်နေ့(နိုဝင်ဘာလ ၂၁ ရက်)၊ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းလူစာရင်းတွင် ဂိုး-ကျော်ဇင်ဖြိုး၊ ရဲမင်းသူ၊ စိုးမိုးကျော်၊ ကျော်မင်းဦး၊ နေမိုးနိုင်၊ အောင်သူ၊ မောင်မောင်လွင်၊ ဇွဲခန့်မင်း၊ ဟိန်းဇေယျာလင်း၊ ဆလမာန် နှင့် ဇော်ဝင်းသိန်းတို့ပါဝင်လာခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အဓိကကစားသမားများအစုံအလင်ပါဝင်လာခဲ့သော်လည်း မြောက်ကိုရီးယားအသင်း၏ ဖိအားပေးကစားမှုများကြောင့် ပထမပိုင်း၌ပင် ၃ဂိုးပြတ်ဖြင့်ရှုံးနိမ့်နေခဲ့သည်။
ထို့နောက် ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း မြောက်ကိုရီးယားအသင်း၏ ကစားကွက်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ၃ဂိုးထပ်မံခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်း၏ ၇၇မိနစ်တွင် ဝင်းနိုင်ထွန်းမှ ခြေပဂိုးပြန်လည်သွင်းနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ၆ဂိုး-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မည်သည့်တိုက်ပွဲတွင်မဆို အဆိပ်ငွေ့ဗုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမျိုးမရှိဟု နစက တုံ့ပြန်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း