မည်သည့်တိုက်ပွဲတွင်မဆို အဆိပ်ငွေ့ဗုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမျိုးမရှိဟု နစက တုံ့ပြန်
Pearl (NSS) - နိုဝင်ဘာ ၂၂
မည်သည့်တိုက်ပွဲတွင်မဆို အဆိပ်ငွေ့ဗုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမျိုးမရှိကြောင်း နစကမှ ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)တွင် တုံ့ပြန်ထားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြိုနယ်ရှိ စခန်းသစ်လုံခြုံရေးစခန်းအား TNLA အဖွဲ့နှင့် PDF များက တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ တပ်မတော်မှ အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု TNLA အဖွဲ့မှ သတင်းထုတ်ပြန်ထားပြီး မီဒီယာအချို့မှလည်း ရေးသားဖော်ပြမှုများရှိခဲ့ကြောင်း တွေ့ရသည်။
တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးများအား မည်သည့်တိုက်ပွဲများတွင်မှ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်ရာတွင် ထိရောက်သော လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်ခဲ့ကြောင်း နစကမှ ဆိုသည်။
၎င်းတိုက်ပွဲအတွင်း TNLA နှင့် PDF အဖွဲ့ဝင်အများအပြား သေဆုံးခဲ့ကြောင်း သိရှိရသည်ဟုလည်း နစကဘက်က အသိပေးထားသည်။
ထိုသို့အကျအဆုံးများလာခြင်းကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့သဖြင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုသည်ဟု မဟုတ်မမှန်လုပ်ကြံ၍ သတင်းမှားများ ထုတ်လွှင့်ခြင်းဖြစ်ကြောင်း နစက မှ ထုတ်ပြန်ထားသည်။
ထို့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးသို့ နိုဝင်ဘာလ(၁၉)ရက် ညပိုင်းတွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ သေဆုံးခဲ့သည်ဟု မဟုတ်မမှန် သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြလျက်ကြောင်း နစကမှ ဆက်လက် ထုတ်ပြန်ထားသည်။
တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးအတွက် စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ (၁၉) ရက်ညပိုင်းတွင် မြို့သစ်ကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နေရာသို့ တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်နေမှုများကို မလိုလားသည့် ပြည်ဖျက်မီဒီယာများက ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးကွဲစေရန် သတင်းအမှား၊ သတင်းအတုများကို ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း နစကဘက်မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ