ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ ယာယီအပစ်ခတ်ရပ်စဲထားပေမယ့်စစ်ပွဲကို ဆက်တိုက်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၂
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမက်စ်လက်နက်ကိုင်အုပ်စုနဲ့ ယာယီအပစ်ခတ်ရပ်စဲထားပေမယ့် စစ်ပွဲကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်ဟာ ပြန်ပေးဆွဲခံရသူတွေ ပြန်လွှတ်ပေးရေးအတွက် ဟားမက်စ်အုပ်စုနဲ့ ယာယီအပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခြင်းကို အသေးစိတ်ထုတ်ဖော်ပြော ဆိုခြင်းမျိုးတော့ မရှိပါဘူး။
အစ္စရေးဝန်ကြီးချုပ်က "ကျွန်တော်ဟာ အစ္စရေးစစ်တပ်ကို တိုက်ပွဲတွေ ဆက်လက်တိုက်ခိုက်နိုင်အောင် ပြင်ဆင် ခွင့်ပေးသွားပါမယ်။ စစ်ပွဲက ဆက်ဖြစ်သွားပါမယ်။ ဟားမက်စ်အဖွဲ့အပေါ်ထားရှိတဲ့ စစ်ရေးရည်မှန်းချက်တွေ အပြည့်အဝ ရယူနိုင်ချိန်အထိ ဆက်တိုက်သွားပါမယ်။ ဟားမက်စ်အဖွဲ့ကို အပြီးသတ်ချေမှုန်းပြီး ပြန်ပေးသမား အားလုံးပြန်လွှတ်ပေးဖို့ ကြိုးပမ်းသွားမှာပါ" လို့ ပြောပါတယ်။
ဒါ့အပြင် အစ္စရေးဝန်ကြီးချုပ်က ၎င်းတို့ဟာ နိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းနှစ်ခုစလုံး လုံခြုံမှုအပြည့်အဝပြန်လည် ရရှိချိန်အထိ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ်က အစ္စရေးစစ်သားတွေအနေနဲ့ နိုင်ပွဲ ရယူနိုင်ချိန်အထိ ဆက်လက်တိုက်ခိုက်ရမှာဖြစ်ကြောင်း လက်ဘနွန်နယ်စပ်ဒေသရှိ အစ္စရေးစစ်သားတွေကို အဓိကထားပြောဆိုခဲ့ပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲစတင်ခဲ့ပြီး အစ္စရေးက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံသား ၁၄ဝဝ ကျော် သေဆုံးခဲ့ရာ အဲဒီသေဆုံးမှုက အစ္စရေးနိုင်ငံသမိုင်းမှာ အကြီးမားဆုံးသေဆုံးမှုဖြစ်စေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်၏ ဒုတိယမြောက်ပွဲတွင် မြန်မာအသင်း မြောက်ကိုရီးယားအသင်းကိုဂိုးပြတ်ရှုံးနိမ့်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ