အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ပြန်ပေးဆွဲခံထားရသူ ၅ဝ ကျော်ပြန်လွှတ်ပေးဖို့ နဲ့ ယာယီစစ်ပြေငြိမ်းဖို့ သဘောတူညီမှုရ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၂
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေဟာ ဂါဇာဒေသမှာ ဓါစားခံအဖြစ် ဖမ်းဆီးခံထားရသူလူပေါင်း ၅ဝ ကျော် ပြန်လွှတ်ပေးရေး အပါအဝင် ယာယီအပစ်ခတ်ရပ်စဲရေးကိုသဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ဟားမက်စ် လက်နက်ကိုင်အဖွဲ့တို့ ပြုလုပ်ထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်ထဲမှာ ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားတဲ့လူပေါင်း ၅ဝ ကျော် ပြန်လွှတ်ပေးရမှာဖြစ်သလို အစ္စရေးဘက်ကလည်း အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ ပါလက်စတိုင်းလူမျိုး ၁၅ဝ ကျော်ကို ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားရရှိခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်ထဲမှာ လေးရက်ကြာ အပစ်ခတ် ရပ်စဲမှာဖြစ်ပြီး အဲဒီကာလအတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးခွင့်ပြုသွားမှာဖြစ်ကြောင်း သိရပါ တယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့အစ္စရေးအစိုးရအဖွဲ့ဟာ တစ်ညလုံးနီးပါး တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဓါစားခံတွေ ပြန်လွှတ်ရေးအတွက် ဟားမက်စ်နဲ့ အပစ်ခတ်ရပ်စဲဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲခြင်းဟာ ခက်ခဲတဲ့ ဆုံးဖြတ် ချက်ဖြစ်ခဲ့ပေမယ့် မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာမှာဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ရရှိထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုအရ ဟားမက်စ်အုပ်စုဟာ တစ်ရက် ကို ပြန်ပေးဆွဲထားသူ အနည်းဆုံး ၁ဝ ဦး ပြန်လွှတ်ပေးသွားမှာဖြစ်ပေမယ့် အပစ်ခတ်ရပ်စဲရေးသက်တမ်း ထပ်မံ တိုးခွင့်ရှိနေကြောင်း သိရပါတယ်။
အဆိုပါသဘောတူညီမှုအရ ဟားမက်စ်လက်နက်ကိုင်အုပ်စုဟာ အမျိုးသမီး ၁၃ ဦးနဲ့ ကလေးငယ် ၄ဝ ဦးကို အဓိက ထားပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးကို အောက်တိုဘာ ၇ ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်း ၂၄ဝ ကျော်ကို ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံအပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သော လွိုင်ကော်တက္ကသိုလ်မှ ပါချုပ်နှင့် ဆရာ/မများကို ကယ်တင်နိုင်ရေး ကြိုးပမ်းနေဟု နစကဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ