မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသောနေရာများမှ ထွက်ခွာသွားနိုင်ရန်အတွက် နိုင်ငံခြားသားများကို ကူညီပေးနေကြောင်း တရုတ်အစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော နေရာများမှ ထွက်ခွာသွားနိုင်ရန်အတွက် နိုင်ငံခြားသားများကို ကူညီပေးနေကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားနေသောနေရာများမှ ရွှေ့ပြောင်းနေထိုင်ကြရန် ၎င်း၏ နိုင်ငံသားများ ကို ညွှန်ကြားထားကြောင်း တရုတ်အစိုးရက ဆိုထားသည်။ တရုတ်နိုင်ငံသည် အခြားနိုင်ငံများကို ၎င်းတို့၏ ပြည်သူများအား မြန်မာနိုင်ငံအတွင်းမှ ကယ်ထုတ်နိုင်ရန်အတွက် ကူညီပေးနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
မာအိုနင်က "မကြာသေးမီက အချို့နိုင်ငံတွေဟာ အကူအညီပေးဖို့အတွက် တရုတ်နိုင်ငံကို အကူအညီလာတောင်းခဲ့ ကြပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ သူတို့ရဲ့နိုင်ငံသားတွေကို တရုတ်နိုင်ငံကနေတစ်ဆင့် ရွှေ့ပြောင်းကယ်ထုတ်ဖို့ အဆင်ပြေအောင် ကျွန်မတို့ လုပ်ဆောင်ပေးထားပါတယ်" ဟု ပြောခဲ့သည်။
ထိုင်းနိုင်ငံသား(၂၆၆)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၆)ဦး နှင့် စင်ကာပူနိုင်ငံသားတို့ကို မြန်မာနိုင်ငံမြောက်ပိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဘေးကင်းစွာရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့သည် တရုတ်နိုင်ငံသို့ ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ထိုင်းအစိုးရက ပြောထားသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်များနှင့် မြန်မာစစ်တပ်အကြား ညှိနှိုင်းဆောင်ရွက်ကာ ထိုင်းနိုင်ငံသား(၄၁)ဦးကို ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန် အနောက်အုပ်စုနိုင်ငံများက တွန်းအားပေးမည်ကို စိုးရိမ်မိကြောင်း ယူကရိန်းအစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ