ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန် အနောက်အုပ်စုနိုင်ငံများက တွန်းအားပေးမည်ကို စိုးရိမ်မိကြောင်း ယူကရိန်းအစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၂၁
ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ယူကရိန်းကို အနောက်အုပ်စုနိုင်ငံများက တွန်းအား ပေးမည်ကို စိုးရိမ်မိကြောင်း ယူကရိန်း၏ အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီအတွင်းရေးမှူး Aleksey Danilov က ပြောကြားခဲ့သည်။
Aleksey Danilov က "ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေး၊ ရုရှားနဲ့တွေ့ဆုံညှိုနှိုင်းမှုတွေလုပ်ဖို့ အချို့မိတ်ဖက် နိုင်ငံတွေကြားမှာ ဆွေးနွေးမှုတွေ ပိုမိုလုပ်ဆောင်လာတာကို ယူကရိန်းဖက်က စိုးရိမ်မိပါတယ်။ ထို့အပြင် ရုရှား သည် အင်အားသုံးရမည်ဆိုသည့်ဘာသာစကားကိုနားလည်သောကြောင့် အနောက်အုပ်စုနိုင်ငံများအနေဖြင့် ယူကရိန်း၏ စံနမူနာများကိုသာ လိုက်နာသင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် အနောက်အုပ်စုနိုင်ငံများနှင့် ယူကရိန်းက တစ်ဖက်ဖြစ်ပြီး ရုရှား၊ တရုတ်၊ အီရန် နှင့် မြောက်ကိုရီးယားတို့က အခြားတစ်ဖက်ဖြစ်ကြောင်း Aleksey Danilov က ပြောခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံကို အနိုင်ယူနိုင်ခြင်းမျိုးမရှိခဲ့ပါက လာမည့်(၁၅)နှစ်မှ (၂ဝ)နှစ်အတွင်း ကမ္ဘာကြီးသည် ဥရောပနိုင်ငံအချို့ ပါဝင်လာနိုင်သည့် “axis of evil” အသစ်ကို တွေ့ကြုံရမည်ဟု မျှော်လင့်ထားသင့်ကြောင်း ၎င်းက အခိုင်အမာပြောခဲ့ သည်။
၎င်းက "ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေဟာ အဆုံးအထိ တိုက်ပွဲဝင်သွားကြမှာပါ။ ကျွန်တော်တို့ အနိုင်ရရှိမယ်ဆိုတာ သေချာပါတယ်" ဟု ပြောခဲ့သည်။ ယူကရိန်းသည် ၎င်း၏ နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် နှင့် စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာစေရန်အတွက် အနောက်အုပ်စုနိုင်ငံများ၏ ရန်ပုံငွေများနှင့် ကူညီပံ့ပိုးပေးမှုများ ပိုမိုလိုအပ်ကြောင်း Aleksey Danilov က ပြောဆိုခဲ့သည်။
ထို့အပြင် အနောက်အုပ်စုနိုင်ငံများသည် ကမ္ဘာကြီးကို ဆက်လက်ကြီးစိုးချင်ပါက ယူကရိန်းနိုင်ငံကို ထောက်ပံ့ပေး မှုများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း Alexey Danilov က မှတ်ချက်ပြုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ထောက်လှမ်းရေးလေယာဉ် ဆင်းသက်ရန်ကြိုးပမ်းချိန်အတွင်း ပြေးလမ်းကိုကျော်ကာ ပင်လယ်ထဲသို့ ပျက်ကျ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း