ရန်ကုန်မြို့၌ ပေါ်တာဆွဲနေသည်ဆိုသော သတင်းများမှာ ကောလာဟလသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းမျိုးမရှိဟု တိုင်းအစိုးရဖွဲ့ပြောခွင့်ရတုံ့ပြန်
မြူနစ် (NSS) - နိုဝင်ဘာ ၂၁
ရန်ကုန်မြို့၌ ပေါ်တာဆွဲနေသည်ဆိုသော သတင်းများမှာ ကောလာဟလသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းမျိုးမရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြောခွင့်ရက တုံ့ပြန်ထားသည်။
ပေါ်တာဆွဲနေသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ NSS က ယနေ့(နိုဝင်ဘာလ ၂၁ ရက်)တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ဥပဒေချုပ်ဦးဌေးအောင်အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက အထက်ပါကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
လတ်တလောကာလတွင် ရန်ကုန်မြို့၌ ပေါ်တာဆွဲမှုများရှိနေသည်ဆိုသော ရေးသားပြောဆိုမှုများသည် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသကဲ့သို့ လူထုကြားတွင်လည်း ပြောဆိုမှုများရှိနေသည်ကို တွေ့ရသည်။
“ကောလာဟလပါပဲခင်ဗျာ။ ပေါ်တာဆွဲတာတွေ၊ ဘာတွေ လုံးဝမရှိပါဘူး။ ဒါကတော့ ကောလာဟလပါ။ လက်တွေ့မှာလည်း မရှိပါဘူး။ အဲဒါလေးတော့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ သတင်းတိတိကျကျရရင်တော့ ဘယ်ရပ်ကွက်က၊ ဘယ်နေရာကဆိုတာကို ကျွန်တော်တို့ကို ပြောပေးပါ။ အဲဒီအခါ ကျွန်တော်တို့ စုံစမ်းပေးပါမယ်။ ကျွန်တော်တို့ အခုချိန်ထိကတော့ ပေါ်တာဆွဲတယ်တို့၊ ဘာတို့ဆိုတာက အပြင်ကောလာဟလ အနေနဲ့ပဲရှိပြီးတော့ ဒီဘက်က ဆောင်ရွက်ချက်တွေက မရှိပါဘူး”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြောခွင့်ရ ဦးဌေးအောင်က ပြောသည်။
ပေါ်တာဆွဲနေသည်ဆိုသော သတင်းများသည် အမှန်တကယ်ဖြစ်နေသည့်ကိစ္စများ မဟုတ်ဘဲ ကောလာဟလထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း ဦးဌေးအောင်က ထပ်မံပြောသည်။
ထို့ပြင် လတ်တလော၌ အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ ပိတ်ရမည့်အခြေအနေရှိကြောင်းနှင့် ကျောင်းပိတ်တော့မည်ဖြစ်ကြောင်း ကောလာဟလသတင်းများသည်လည်း ပျံ့နှံ့နေကြောင်း နစကမှ သတိပေးပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဂျင်တီးနားနိုင်ငံအနေဖြင့် BRICS အဖွဲ့တွင် ပါဝင်မည်မဟုတ်ကြောင်း ရွေးကောက်ခံသမ္မတအသစ်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ