အစ္စရေးက စစ်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအကြီးအကဲ ထုတ်ဖော်ပြောဆို
Pika (NSS) - နိုဝင်ဘာ ၂၁
အစ္စရေးအစိုးရသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းနှင့်မြေပြင်မှ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အရပ်သားထိခိုက်သေဆုံးမှုများကိုရှောင်ရှားရန် လိုအပ်သည့် အစီအစဉ်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ထုတ်ဖော်ပြောခဲ့ သည်။
ဂျိုးဆက်ဘော်ရဲလ်က ၎င်းသည် အစ္စရေးအရာရှိများကို စစ်ပွဲတွင် စည်းကမ်းများရှိကြောင်းနှင့် ၎င်းတို့၏ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သော လူအသေအပျောက်များကို ထည့်သွင်းစဉ်းစားရမည်ဟု သတိပေးခဲ့ကြောင်း ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်း ဂျိုးဆက်ဘော်ရဲလ်က ပြောခဲ့သည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသရှိ အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ရခြင်းမှာ ဟားမက်လက်နက်ကိုင်အဖွဲ့တည်ဆောက်ထားသော လျှို့ဝှက် မြေအောက်ဥမင်လှိုဏ်ခေါင်းများကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ခြင်းမျိုးသာဖြစ်ကြောင်း ပြောဆိုခဲ့သည့် အစ္စရေး၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မသေချာမရေရာဖြစ်မိကြောင်း ဂျိုးဆက်ဘော်ရဲလ်က ပြောခဲ့သည်။
ဂျိုးဆက်ဘော်ရဲလ်က "အဲဒီလိုပြောဆိုချက်တွေက မဟုတ်ဖူးလို့ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သေချာမသိပါဘူး၊၊ သူတို့ကို သံသယတော့ဖြစ်မိပါတယ်" ဟု ပြောခဲ့သည်။
ဟားမက်လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများက ၎င်းတို့တွင် အီဂျစ်နိုင်ငံအထိ ရောက်နိုင်သော ဥမင်လှိုဏ်ခေါင်းများ ရှိကြောင်း အကြိမ်ကြိမ်အတည်ပြုပြောဆိုခဲ့ပြီး အဆိုပါဥမင်လှိုဏ်ခေါင်းများမှာ အစ္စရေး၏ သိမ်းပိုက်မှုကို ရင်ဆိုင်ရန်အတွက်ဖြစ်ကြောင်း ပြောခဲ့သည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ဖြစ်ပွားနေသောစစ်ပွဲသည် ဂါဇာကမ်းမြောင်ဒေသမှ လူနှစ်သန်းကျော် ထွက်ခွာသွားခြင်းဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း နှင့် နိုင်ငံရေးအရ ဖြေရှင်းချက်တစ်ခုကသာ စစ်ပွဲကိုရပ်တန့်ရန်အတွက် အခွင့်အလမ်းရှိကြောင်း ဂျိုးဆက်ဘော်ရဲလ်က ပြောခဲ့သည်။
၎င်းက "အစ္စရေးအနေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်ဆိုရင် ဒီအချိန်မှာ အမုန်းတရားတွေ ထပ်တိုးပွား အောင် မလုပ်သင့်တော့ပါဘူး။ ပြီးတော့ ဒီပဋိပက္ခရဲ့ရလဒ်ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓါးစာခံ (၂၄ဝ)ကျော်ကို လွှတ်ပေးဖို့အတွက် နှစ်ဖက်လုံးက ညှိနှိုင်းမှုရှိ/မရှိဆိုတဲ့အချက်အပေါ်မှာ မူတည်နေပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ ပေါ်တာဆွဲနေသည်ဆိုသော သတင်းများမှာ ကောလာဟလသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းမျိုးမရှိဟု တိုင်းအစိုးရဖွဲ့ပြောခွင့်ရတုံ့ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ