မဟာဗျူဟာမြောက် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပြင်သစ်စစ်ဘက်ပြော
Pika (NSS) - နိုဝင်ဘာ ၂၁
ပြင်သစ်အစိုးရသည် ၎င်း၏ နျူကလီးယားအတားအဆီး တိုးတက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် M51.3 တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်နေသည့်ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
M51.3 တာဝေးပစ်ပဲ့ထိန်းဒုံးကျည်သည် ပြင်သစ်၏ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောမှ ပစ်လွှတ်ရန် ဒီဇိုင်း ထုတ်ထားသည့် အဆင့်သုံးဆင့်ဒုံးကျည် M51 ၏ နောက်ဆုံးပေါ်မော်ဒယ်တစ်ခုဖြစ်ကြောင်း သိရသည်။ M51 ဒုံးကျည်ကို ၂ဝဝ၆ ခုနှစ်တွင် မြေပြင်လောင်ချာမှ ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ပင်လယ်ပြင် မှ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။
ပြင်သစ်ကာကွယ်ရေးဝန်ကြီး Sebastien Lecornu က "M51.3 မဟာဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့နျူကလီးယားအဟန့်အတား တိုးတက် လာမှုတွေကို ပြသနေတာဖြစ်သလို ဒုံးကျည်ပစ်လွှတ်ခြင်းကဏ္ဍမှာ ထူးချွန်ထက်မြက်မှုတွေကို ပြသနေတာပါ" ဟု ပြောခဲ့သည်။
အဆိုပါ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ကို ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင် သည့်နေရာ Biscarosse မှ ပစ်လွှတ်ခဲ့ပြီး ပြင်သစ်ကမ်းရိုးတန်းမှ ကီလိုမီတာရာချီပျံသန်းခဲ့ကာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ကျရောက်သွားခဲ့ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သို့သော်လည်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနသည် အဆိုပါတာဝေးပစ်ပဲ့ထိန်းဒုံးကျည် ကျရောက်သွားခဲ့သည့် နေရာအတိအကျကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါတာဝေးပစ်ဒုံးကျည် တွင် နျူကလီးယားထိပ်ဖူးတပ်ဆင်ထားခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ အဆိုပါဒုံးကျည်ကို ပြင်သစ်စစ်တပ် ကန်ထရိုက်တာ Safran နှင့် နိုင်ငံစုံလုပ်ငန်းစု Airbus တို့ကြား ပူးပေါင်းလုပ်ကိုင်သည့် ArianeGroup ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးက စစ်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအကြီးအကဲ ထုတ်ဖော်ပြောဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ