ယူကရိန်းသမ္မတ ဇီလန်စကီးကို ရာထူးက ဖယ်ရှားဖို့ ရုရှားအစိုးရ စီစဉ်နေဟုဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၁
ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားအစိုးရအဖွဲ့ဟာ ၎င်းကို ၂ဝ၂၃ ခုနှစ်အကုန်မှာ ရာထူးက ဖြုတ်ချနိုင်ဖို့ လိုလားနေကြောင်း ပြောပါတယ်။
ရုရှားအစိုးရဟာ ၎င်းကို ရာထူးက ဖြုတ်ချနိုင်ဖို့ “Maidan-3” အမည်ရှိ စစ်ဆင်ရေးကို လုပ်ဆောင်လျက်ရှိနေကြောင်း၊ အဆိုပါအစီအစဉ်ထဲမှာ သမ္မတအပြောင်းအလဲဖြစ်အောင်လုပ်ဆောင်မယ့်အစီအစဉ်တွေ ပါဝင်နေကြောင်း ယူကရိန်းသမ္မတ က ပြောပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက ၎င်းဟာ ရုရှားလုံခြုံရေးအဖွဲ့များရဲ့လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု ငါးကြိမ် ကြုံခဲ့ရပေမယ့် အသက်ရှင်လွှတ်မြောက်ခဲ့ကြောင်း ဆိုပါတယ်။
ရုရှားအစိုးရအဖွဲ့ဟာ ယူကရိန်းနိုင်ငံအတွင်း ပြည်တွင်းရေးမငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်ပြီး ၎င်းကို ရာထူးက ဖယ်ရှားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း သမ္မတဇီလန်စကီး က ပြောပါတယ်။
၎င်းက "ကျွန်တော်တို့ထောက်လှမ်းရေးအဖွဲ့တွေ နဲ့ မိတ်ဖက်နိုင်ငံတွေထံကနေ ရရှိတဲ့သတင်းတွေအရ ရုရှားဟာ ကျွန်တော်ကို ရာထူးက ဖြုတ်ချဖို့ စီစဉ်နေတယ်" လို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ဟာ ၂ဝ၂၂ ခုနှစ်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားက ယူကရိန်းပိုင်နက်နယ်မြေ လေးခုကိုသိမ်းပိုက်ထားရာ လက်ရှိအချိန်အထိ စစ်ပွဲနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်နိုင်ခြင်း မရှိသေး ပါဘူး။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ဇွန်လအတွင်းကြီးမားတဲ့ တန်ပြန် ထိုးစစ်ဆင်နွှဲခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေထဲမှာလည်း ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ကိုင်ရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကရင်ပြည်နယ်၌ ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းမှကျပ်သိန်း(၂၅၀၀၀)ကျော် ဝင်ငွေရရှိထားပြီး ခရီးသွားဧည့်သည် (၁ဝဝ)ရာခိုင်နှုန်းကျော်ပြန်လည်ဝင်ရောက်ခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ