သီလဝါသဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်ရန်စီစဉ်နေ
စော (NSS) - နိုဝင်ဘာ ၂၁
သီလဝါသဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံကို ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ကာ လည်ပတ်ရန်စီစဉ်နေကြာင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ယမန်နေ့(နိုဝင်ဘာလ ၂၀ ရက်)တွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းနှင့်အဖွဲ့က အဆိုပါဓာတ်အားပေးစက်ရုံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သီလဝါသဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံအား Combine Cycle Power Plant အဖြစ် တိုးချဲ့ရန် လျာထားဆောင်ရွက်ရန် ဓာတ်အားပေးစက်ရုံများကို အချိန်မရွေးမောင်းနှင်နိုင်ရေးအတွက် အရန်စက်သုံးဆီများ ကြိုတင်စုဆောင်းထားရမည်ဖြစ်ကြောင်း ဝန်ကြီးဦးဉာဏ်ထွန်းက အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
“သဘာဝဓာတ်အားပေးစက်ရုံက ရပ်ထားတာကြာပြီ။ ဓာတ်ငွေ့တွေ ဈေးတအားကြီးနေတဲ့အချိန်ထဲက ရပ်ထားတာ အခုပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်။ နွေရာသီလျှပ်စစ်မီးအခက်အခဲအတွက် ကြိုတင်ပြင်ဆင်တာမျိုးလည်း ဖြစ်နိုင်တယ်”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အချိန်ပြည့် ရယူသုံးစွဲနိုင်ခြင်းမရှိဘဲ အချိန်ပိုင်းဖြင့်သာ သုံးစွဲနေရလျက်ရှိသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်း၊ သီလဝါအထူးစီးပွားရေး နယ်မြေအတွင်း၌ 230KV ပင်မဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ရန်လည်း ပြင်ဆင်နေကြောင်း နစက၏ အချက်အလက်များအရ ထပ်မံသိရှိရသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ သာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ၊ ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မှတ်ပုံတင်ခွင့်ပြုပြီးနောက် ရက်ပေါင်း(၉၀)အတွင်း ပါတီဝင်ဦးရေ (၁၀၀၀) စည်းရုံးနိုင်ခြင်းမရှိ၍ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ