အစ္စရေးနဲ့ ယာယီအပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၁
ဟားမက်စ်လက်နက်ကိုင်အဖွဲ့အကြီးအကဲက အစ္စရေးပိုင်နက်အတွင်းကို ရော့ကတ်ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ ဂါဇာဒေသမှာ တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းများ ဆက်လက်ရှိပေမယ့် အစ္စရေးနိုင်ငံနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီမှုစာချုပ်ချုပ်ဆိုနိုင်ရေး နီးစပ်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ကြားဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ရေးအတွက် ကာတာနိုင်ငံက ကြားဝင် စေ့စပ်နေပြီး အစ္စရေးနဲ့ ဟားမက်စ်အုပ်စုတွေက အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တုံ့ပြန်ထားကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံတို့ဟာ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး သဘောတူညီမှုအသေးစိတ် အခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း စစ်ပွဲ အပစ်ခတ်ရပ်စဲရေးအတွက် နီးစပ်နေတယ်လို့ ယုံကြည်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောခဲ့ပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က အပစ်ခတ်ရပ်စဲရေးစာချုပ်ဟာ ဂါဇာဒေသမှာ ဖမ်းဆီးသူအချို့ ပြန်လွှတ်ပေးရမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ဂါဇာဒေသကို တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးပို့နိုင်ဖို့ လုပ်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံတကာကြက်ခြေနီအဖွဲ့ဖြစ်တဲ့ (ICRC) ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကာတာနိုင်ငံက တာဝန်ရှိသူများနဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်း ၂၄ဝ ကို ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဟာ ဟားမက်စ်ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် ဂါဇာဒေသကို တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၃ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။ ကာတာနိုင်ငံဟာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား ယာယီအပစ်ခတ်ရပ်စဲရာမှာ ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူ ၅ဝ ပြန်လွှတ်ပေးဖို့ နဲ့ အစ္စရေးက တိုက်ခိုက်မှုတွေကို သုံးရက်ကြာ ရပ်တန့်ရေးအချက်တွေ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
တိုက်ခိုက်မှုတွေရပ်တန့်ချိန်မှာ ဂါဇာဒေသရှိပြည်သူများကို လူသာချင်းဆိုင်ရာစာနာမှုအကူအညီများပေးသွားမှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ထောင်စုလမ်းမ တစ်လျှောက်ရှိ ဖျက်ဆီးခံထားရသည့် နေရာ(၁၂)ခုကို ပြင်ဆင်ပြီးဖြစ်၍ ကျောက်မဲမြို့ထိ သွားလာနိုင်ပြီဟု နစက အသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ