ပင်လယ်နီဒေသမှာ ဂျပန်နိုင်ငံပိုင် ကုန်စည်သင်္ဘောတစ်စီးကို ဟူသီလက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခဲ့ဟု အစ္စရေးအစိုးရ ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂ဝ
အစ္စရေး အစိုးရက ယီမင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟူသီအုပ်စုဟာ ပင်လယ်နီမှာ ဂျပန်နိုင်ငံရဲ့ကုန်စည်သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်ရုံးက အဆိုပါဂျပန်ကုန်စည်သင်္ဘောမှာ အစ္စရေးနိုင်ငံသားတွေ ပါဝင်ခြင်းမရှိသလို သင်္ဘော ပိုင်ဆိုင်မှုတွေ၊ သင်္ဘောစီမံခန့်ခွဲရေးလုပ်ငန်းတွေမှာ အစ္စရေးနိုင်ငံပါဝင်ခဲ့ခြင်းမရှိကြောင်း၊ ဆိုပါတယ်။ အစ္စရေး အစိုးရက ဟူသီအုပ်စုဟာ ပင်လယ်နီတောင်ပိုင်းရဲ့နိုင်ငံတကာရေပိုင်နက်အတွင်းမှာ ဗြိတိန် နဲ့ ဂျပန်ပိုင် ကုန်စည် သင်္ဘောတွေကို သိမ်းယူခဲ့ကြောင်း ဆိုပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့အနေနဲ့ ၎င်းတို့ရဲ့လုပ်ရပ်တွေအတွက် ပြန်လည်တုံ့ပြန်ခံရမှာဖြစ်ပြီး အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုက ၎င်းတို့ဟာ သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့ကြောင်း၊ အဲဒီသင်္ဘောဟာ အစ္စရေးနိုင်ငံပိုင်သင်္ဘောဖြစ်ကြောင်း ဆိုပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက "ဖမ်းဆီးထားတဲ့ကုန်စည်သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ သင်္ဘော သားတွေကို အစ္စလမ်စည်းကမ်းများအတိုင်းပြုမူ ဆက်ဆံခဲ့တယ်" လို့ ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့တို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ဟူသီလက်နက်ကိုင် အုပ်စုဟာ အစ္စရေးနိုင်ငံကို တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံအခြေစိုက် Nippon Yusen သင်္ဘောကုမ္ပဏီက ပင်လယ်နီဒေသမှာ ၎င်းတို့ရဲ့ကုန်စည်သင်္ဘောတစ်စီး ဖမ်းဆီးခံရကြောင်း အတည်ပြုထားပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်းတို့အနေနဲ့ Bab al-Mandeb ရေလက်ကြားနဲ့ ပင်လယ်နီဒေသကို ဖြတ်သန်းမယ့် အစ္စရေးသင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာ ဖြစ်သလို အစ္စရေးနိုင်ငံကိုလည်း တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-အိန္ဒိယပူးပေါင်းဆောင်ရွက်နေသော ကုလားတန်မြစ်ဘက်စုံစီမံကိန်းရှိ လုံခြုံရေးစခန်းများကို ULA/AA တိုက်ခိုက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ