သားဖ(၂)ဦးကို PDF အဖွဲ့က သေနတ်နှင့် ဓားများကို အသုံးပြုကာ လုပ်ကြံသတ်ဖြတ်မှု ကျွန်းလှမြို့နယ်၌ ဖြစ်ပွား
NSS - နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် သားဖ(၂)ဦးကို PDF အဖွဲ့က သေနတ်နှင့် ဓားများကို အသုံးပြုကာ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော(နိုဝင်ဘာလ ၁၆ ရက်)၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်တွင်နေထိုင်သည့် ဦးထွန်းမြင့်(၆ဝ)နှစ်သည် ကျွန်းလှ-ကြာတက္ကန်ကျေးရွာသွားလမ်းဘေးရှိ ကျွန်းစိုက်ခင်း၌ ခြံစောင့်အလုပ်လုပ်ကိုင်သူဖြစ်ပြီး ၎င်း၏သားဖြစ်သူ ဟန်နိုင်လင်း(၂၅)နှစ်နှင့်အတူ ရှိနေစဉ် PDF အဖွဲ့ဝင်များက ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထိုသို့ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဦးထွန်းမြင့်နှင့် ကိုဟန်နိုင်လင်းတို့ သားဖ(၂)ဦး တွင် ကျည်ထိမှန် ဒဏ်ရာ နှင့် ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။
အလားတူ ည ၉ နာရီ ၃ဝ မိနစ်အချိန်တွင် မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာတွင် လင်မယား(၂)ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် ဦးထွန်းထွန်းဝင်(ခ)ကိုထွန်း(၅၃)နှစ် နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးအေးမာ(၅၁)နှစ်တို့ လင်မယား(၂) ဦးသည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၈)ဦးက ဆိုင်ကယ်(၄)စီးဖြင့် ၎င်းတို့နေအိမ်သို့ ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းထွန်းဝင်း(ခ)ကိုထွန်း နှင့် ဒေါ်အေးအေးမာတို့ လင်မယား(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥမင်လှိုဏ်ခေါင်းအတွင်း ပိတ်မိနေသော အလုပ်သမားများကို ကယ်ဆယ်ရန်အတွက် တွင်းပေါက်တစ်ခုတူးရန် စဉ်းစားနေကြောင်း အိန္ဒိယအစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ