ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) နှင့် အာမခံလုပ်ငန်းဆိုင်ရာမဟာဘွဲ့ (MI) Online သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူနေ
စော (NSS) - နိုဝင်ဘာ ၁၉
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) နှင့် အာမခံလုပ်ငန်းဆိုင်ရာမဟာဘွဲ့ (MI) Online သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်က ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါတက္ကသိုလ်မှ (၂ဝ၂၄-၂ဝ၂၅) ပညာသင်နှစ်အတွက် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) သင်တန်းကို တက်ရောက်လိုသူများအနေဖြင့် သင်တန်းအတွက် ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံလုပ်သက်အနည်းဆုံး (၅)နှစ် ရှိရမည်ဖြစ်ကြောင်း သိရသည်။
အာမခံလုပ်ငန်းဆိုင်ရာ မဟာဘွဲ့(MI)သင်တန်းအတွက်လည်း အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ လုပ်သက်အနည်းဆုံး (၂)နှစ် ရှိရမည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်လိုသူများသည် တက္ကသိုလ်တစ်ခု၌ အခြားသင်တန်းတက်ရောက်နေသူမဖြစ်စေရန် လိုအပ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်လွှာများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်(ကမာရွတ်)၊ အခန်း (၂ဝ၆) သို့ နိုဝင်ဘာ (၂၁)ရက်မှ (၂ဝ၂၃) ခုနှစ်၊ ဇန်နဝါရီ (၅)ရက်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
သင်တန်း ဝင်ခွင့်ရေးဖြေစာမေးပွဲကို (၂ဝ၂၃) ခုနှစ်၊ ဇန်နဝါရီ (၁၄)ရက်တွင် ဖြေဆိုရမည်ဖြစ်ပြီး သတ်မှတ်အဆင့်မီသူများကိုသာ လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ဘေးရှောင်(၃ဝဝဝဝ)ကျော်ရှိသော BP 125 စစ်ရှောင်စခန်းတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ အခက်အခဲများစွာ ကြုံတွေ့နေရ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း