မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းများကို တစ်ပြိုင်တည်း ပြသရောင်းချသည့် Little Yangon Property Supermarket ပြပွဲ စတင်ကျင်းပ
စော (NSS) - နိုဝင်ဘာ ၁၈
မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းများကို တစ်ပြိုင်တည်း ပြသရောင်းချသည့် Little Yangon Property Supermarket ပြပွဲ စတင်ကျင်းပခဲ့သည်။
အဆိုပါပြပွဲကို ယနေ့(နိုဝင်ဘာလ ၁၈ ရက်)တွင် မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ပြသကျင်းပနေခြင်းဖြစ်သည်။
“အဓိက ကျွန်တော့်ပွဲမှာ ပါဝင်တာဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ project အစုံပေါ့။ ကွန်ဒိုတွေ၊ တိုက်ခန်းတွေ၊ မြေကွက်တွေပါတယ်။ ရန်ကုန်မှ မဟုတ်ဘူး ကလောမှာရှိတဲ့ဟာတွေလည်း ပါတယ်။ ကမ်းခြေမှာရှိတဲ့ မြေကွက်တွေပါတယ်။ မြဝတီဘက်မှာရှိတဲ့ဟာတွေ ပါတယ်။ ပြီးသွားရင် ကွန်ဒို၊ တိုက်ခန်း၊ မြေကွက်၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ မြို့နယ်စုံကဟာတွေလည်း ပါတယ်”ဟု အဆိုပါ ပြပွဲအား ကြီးမှူးကျင်းပသူ ဦးကျော်စွာဟိန်းက ပြောသည်။
ထို့ပြင် ယခုပြပွဲ၌ ထိုင်းနှင့် ဒူဘိုင်းတို့ရှိ ကွန်ဒိုများကိုလည်း ပါဝင်ပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်က စိတ်ချရတဲ့ကုမ္ပဏီတွေကို ရွေးချယ်ပြီးတော့ project တွေကို တစ်စုတစ်စည်းတည်း လုပ်လို့ရအောင်၊ ကြည့်လို့ရအောင်၊ ဝယ်လိုရအောင် ဒီပွဲလေးကို စီစဉ်ဖြစ်တာပါ”ဟု ဦးကျော်စွာဟိန်းက ပြောသည်။
အဆိုပါပြပွဲကို နိုဝင်ဘာလ (၁၈)ရက်မှ (၁၉)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြစ်ပွားနေဆဲ လက်နက်ပဋိပက္ခများ၏ နောက်ကွယ်၌ EAO အဖွဲ့များရှိနေသည့်အပြင် ပြည်ပနိုင်ငံများကလည်း ငွေကြေးထောက်ပံ့မှုများရှိနေဟု နစကဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ