Netflix မှ ဖျက်သိမ်းထားတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ "Shadow and Bone" လည်း ပါဝင်နေ
ရောင်နီ (NSS) - နိုဝင်ဘာ ၁၈
ဟောလိဝုဒ်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး စာချုပ်ညှိနှိုင်းမှုတွေ၊ သပိတ်မှောက်မှုတွေကြောင့် Netflix ဟာ ရှိုးအများအပြားဖျက်သိမ်းခဲ့ရပြီး အဲဒီရှိုးများစွာမှာ ပရိသတ်အကြိုက်ဆုံး စိတ်ကူးယဉ်စီးရီး “Shadow and Bone” လည်း ပါဝင်ခဲ့ပါတယ်။
ဒါ့ပြင် လူကြိုက်များတဲ့ ဟာသဇာတ်လမ်းတွဲတွေဖြစ်တဲ့ "Glamorous" နဲ့ "Agent Elvis" တို့လည်း ဖျက်သိမ်းခံခဲ့ရတယ်လို့ နိုဝင်ဘာလ ၁၈ ရက်မှာသိရပါတယ်။ "Shadow and Bone” စီးရီးရဲ့ စာရေးဆရာမ လင့်ဘာဒူဂိုက အဆိုပါ ပယ်ဖျက်ခံခဲ့ရတဲ့ သတင်းအ တွက် ကြေကွဲနေရတယ်လို့ သူမရဲ့ပရိသတ်တွေကို Instagram မှာ ပြောကြားခဲ့ပါတယ်။
ဘာဒူဂိုက “ သတင်းက ကျွန်မကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်။ စာရေးဆရာအများစုဟာ သူတို့ လက်ရာတွေကို လိုက်လျောညီထွေဖြစ်ရပ်နဲ့မမြင်တွေ့ရတော့ဘူး" လို့ ပြောကြားခဲ့ပါတယ်။
အချို့သော ကြည့်ရှုသူတွေကလည်း အဆိုပါ ဖျက်သိမ်းမှုအတွက် စိတ်ပျက်မိကြောင်း ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ကြပြီး ဆိုရှယ်မီဒီယာမှ မှတ်ချက်ပေးသူတစ်ဦးက "အခြားသော ထုတ်လွှင့်ခြင်းဝန်ဆောင်မှု သို့မဟုတ် ကွန်ရက်က ဒီပရောဂျက်တွေကို ပြန်ရွေးချယ်ပေးမယ်လို့ မျှော်လင့်တယ်"လို့ ဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းများကို တစ်ပြိုင်တည်း ပြသရောင်းချသည့် Little Yangon Property Supermarket ပြပွဲ စတင်ကျင်းပ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ