ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ကျင်းပမည့် ယိမ်းအကပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်များခေါ်ယူ
ယွန်း (NP News) - မတ် ၇
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများကို ယခင်နှစ်များအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသူများအနေဖြင့် မတ်လ(၁၃)ရက်မှစ၍ စာရင်းပေးသွင်းနိုင်ကြောင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က အသိပေးကြေညာထားသည်။
ယိမ်းအကပြိုင်ပွဲများတွင် (၁၂)ဦးယိမ်း (မူကြိုကျောင်း၊ ကျောင်းများနှင့် ရုံး၊ အခြားဌာနများ)၊ (၁၆)ဦးယိမ်း (ကျောင်းများနှင့် ရုံး၊ ဌာနများ)၊ (၂ဝ)ဦးယိမ်း (အလွတ်တန်း)၊ အမျိုးသား (၁၂)ဦးယိမ်း အလွတ်တန်းနှင့် တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအကများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ပြိုင်ပွဲဝင်မည့်အသင်းများအနေဖြင့် မတ်လ(၁၃)ရက်နေ့မှစ၍ မတ်လ(၃၁)ရက်အထိ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၆)လမ်း (၁၂)ထပ်ရုံး (၁ဝ)လွှာရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)တွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့ရှိ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို တည်ဆောက်သွားမည့်အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကဖျော်ဖြေမှုများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သော အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ဆိုသည်။
zawgyi version
ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္၌က်င္းပမည့္ ယိမ္းအကၿပိဳင္ပြဲမ်ားအတြက္ ၿပိဳင္ပြဲဝင္မ်ားေခၚယူ
ယြန္း (NP News) - မတ္ ၇
သၾကၤန္ကာလအတြင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္၌ ယိမ္းအကၿပိဳင္ပြဲမ်ားကို ယခင္ႏွစ္မ်ားအတိုင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ၿပိဳင္ပြဲမ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ားအေနျဖင့္ မတ္လ(၁၃)ရက္မွစ၍ စာရင္းေပးသြင္းႏိုင္ေၾကာင္း အင္ဂ်င္နီယာဌာန (ေရစီးေရလာစီမံခန႔္ခြဲမႈ)က အသိေပးေၾကညာထားသည္။
ယိမ္းအကၿပိဳင္ပြဲမ်ားတြင္ (၁၂)ဦးယိမ္း (မူႀကိဳေက်ာင္း၊ ေက်ာင္းမ်ားႏွင့္ ႐ုံး၊ အျခားဌာနမ်ား)၊ (၁၆)ဦးယိမ္း (ေက်ာင္းမ်ားႏွင့္ ႐ုံး၊ ဌာနမ်ား)၊ (၂ဝ)ဦးယိမ္း (အလြတ္တန္း)၊ အမ်ိဳးသား (၁၂)ဦးယိမ္း အလြတ္တန္းႏွင့္ တိုင္းရင္းသား႐ိုးရာယဥ္ေက်းမႈအကမ်ား ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ၿပိဳင္ပြဲဝင္မည့္အသင္းမ်ားအေနျဖင့္ မတ္လ(၁၃)ရက္ေန႔မွစ၍ မတ္လ(၃၁)ရက္အထိ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ (၄၆)လမ္း (၁၂)ထပ္႐ုံး (၁ဝ)လႊာရွိ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ အင္ဂ်င္နီယာဌာန (ေရစီးေရလာစီမံခန႔္ခြဲမႈ)တြင္ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္မ႑ပ္ကို တည္ေဆာက္သြားမည့္အျပင္ ခ႐ိုင္အလိုက္ ေရကစားမ႑ပ္မ်ား၊ ယိမ္းအကေဖ်ာ္ေျဖမႈမ်ားကိုလည္း ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းက က်င္းပခဲ့ေသာ အစည္းအေဝးတြင္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌးက ဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်လျှောက်ထားရမည့် ရက်ချိန်းတွင် မလာရောက်နိုင်ပါက ရုံးဖွင့်ရက်(၇)ရက်အတွင်း လာရောက်လျှောက်ထားနိုင်ဟုဆို
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ