နိုင်ငံကူးလက်မှတ်လျှောက်ထားရမည့် ရက်ချိန်းတွင် မလာရောက်နိုင်ပါက ရုံးဖွင့်ရက်(၇)ရက်အတွင်း လာရောက်လျှောက်ထားနိုင်ဟုဆို
ယွန်း (NP News) - မတ် ၇
အွန်လိုင်းစနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအနေဖြင့် ရရှိသည့် ရက်ချိန်းနေ့စွဲနှင့် အချိန်တို့တွင် တိကျမှန်ကန်စွာရုံးသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ရက်ချိန်းနေ့ရက်တွင် မလာရောက်နိုင်ပါကလည်း ရုံးဖွင့်ရက်(၇) ရက်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ပြီးခဲ့သည့် မတ်လ(၅)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနေဖြင့် နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားခြင်းကို မတ်လ(၁) ရက်မှစ၍ ခေတ္တရပ်ဆိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ရက်ချိန်းရယူစဥ် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းပြီးသော်လည်း ငွေပေသွင်းခြင်း ပြုလုပ်၍မရသေးသည့် တစ်ဦးချင်းနှင့်အဖွဲ့လိုက်လျှောက်ထားသူများကို ဦးစားပေးအနေဖြင့် စနစ်အား ဖွင့်ထားပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ငွေပေးသွင်းရန်ကျန်ရှိသူများ ငွေပေးသွင်းပြီးမှသာ စနစ်မှ ရက်ချိန်းသတ်မှတ်ပေးမည်ဖြစ် ကြောင်း သိရသည်။
ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းရာတွင်လည်း မှန်ကန်စွာဖြည့်သွင်းရန်နှင့် မှားယွင်းဖြည့်သွင်းမိပါက အချက်အလက် ပြင်ဆင်ရသည့်အတွက် အချိန်နှောင့်နှေးကာ အခက်အခဲများကြုံတွေ့ရနိုင်ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ဆိုထားသည်။
အလားတူ နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအနေဖြင့် မသမာသောနည်းလမ်းဖြင့် စနစ်အတွင်းဝင်ရောက်ရန် ကြိုးစားခြင်း၊ အချက်အလက်ပြင်ဆင်ခြင်းနှင့် ငွေကြေးလိမ်လည်မှုပြုခြင်းများ လုပ်ဆောင်သည်ကို စိစစ်တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားရမည့္ ရက္ခ်ိန္းတြင္ မလာေရာက္ႏိုင္ပါက ႐ုံးဖြင့္ရက္(၇)ရက္အတြင္း လာေရာက္ေလွ်ာက္ထားႏိုင္ဟုဆို
ယြန္း (NP News) - မတ္ ၇
အြန္လိုင္းစနစ္ျဖင့္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားသူမ်ားအေနျဖင့္ ရရွိသည့္ ရက္ခ်ိန္းေန႔စြဲႏွင့္ အခ်ိန္တို႔တြင္ တိက်မွန္ကန္စြာ႐ုံးသို႔ လာေရာက္ေလွ်ာက္ထားရမည္ျဖစ္ၿပီး ရက္ခ်ိန္းေန႔ရက္တြင္ မလာေရာက္ႏိုင္ပါကလည္း ႐ုံးဖြင့္ရက္(၇) ရက္အတြင္း လာေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးအဖြဲ႕က ၿပီးခဲ့သည့္ မတ္လ(၅)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးအေနျဖင့္ ႏိုင္ငံကူးလက္မွတ္အသစ္ေလွ်ာက္ထားျခင္းကို မတ္လ(၁) ရက္မွစ၍ ေခတၱရပ္ဆိုင္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
လက္ရွိတြင္ ရက္ခ်ိန္းရယူစဥ္ ကိုယ္ေရးအခ်က္အလက္မ်ား ျဖည့္သြင္းၿပီးေသာ္လည္း ေငြေပသြင္းျခင္း ျပဳလုပ္၍မရေသးသည့္ တစ္ဦးခ်င္းႏွင့္အဖြဲ႕လိုက္ေလွ်ာက္ထားသူမ်ားကို ဦးစားေပးအေနျဖင့္ စနစ္အား ဖြင့္ထားေပးျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေငြေပးသြင္းရန္က်န္ရွိသူမ်ား ေငြေပးသြင္းၿပီးမွသာ စနစ္မွ ရက္ခ်ိန္းသတ္မွတ္ေပးမည္ျဖစ္ ေၾကာင္း သိရသည္။
ကိုယ္ေရးအခ်က္အလက္မ်ား ျဖည့္သြင္းရာတြင္လည္း မွန္ကန္စြာျဖည့္သြင္းရန္ႏွင့္ မွားယြင္းျဖည့္သြင္းမိပါက အခ်က္အလက္ ျပင္ဆင္ရသည့္အတြက္ အခ်ိန္ေႏွာင့္ေႏွးကာ အခက္အခဲမ်ားႀကဳံေတြ႕ရႏိုင္ေၾကာင္း ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမွ ဆိုထားသည္။
အလားတူ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားသူမ်ားအေနျဖင့္ မသမာေသာနည္းလမ္းျဖင့္ စနစ္အတြင္းဝင္ေရာက္ရန္ ႀကိဳးစားျခင္း၊ အခ်က္အလက္ျပင္ဆင္ျခင္းႏွင့္ ေငြေၾကးလိမ္လည္မႈျပဳျခင္းမ်ား လုပ္ေဆာင္သည္ကို စိစစ္ေတြ႕ရွိပါက ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္းလည္း ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီတို့ ကျောက်တလုံးကြီးမြို့၌ တွေ့ဆုံ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း