မြန်မာနိုင်ငံမှာ အပစ်ခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ အိန္ဒိယအစိုးရ တိုက်တွန်း
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲတွေကို အပစ်ခတ်ရပ်စဲပြီး အပြုသဘောဆောင်တဲ့တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အိန္ဒိယအစိုးရက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အာရင်ဒန်ဘတ်ချီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အခုလိုမျိုးတိုက်တွန်းတောင်းဆိုခဲ့တာပါ။ ၎င်းက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိအောင်လုပ်ဆောင်ကြဖို့ တိုက်တွန်းတောင်းဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ချင်းပြည်နယ် Rihkhawdar ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် မြန်မာနိုင်ငံသား တွေဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ရွှေ့ပြောင်းလာကြတယ်။ နယ်စပ်ဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရပါတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယနဲ့ မြန်မာနယ်စပ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်မှာ ချင်းလက်နက်ကိုင်အဖွဲ့က မြန်မာ့ တပ်မတော်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေဖြစ်ပွားလာခဲ့ရာ ဒေသခံတွေ အိန္ဒိယနိုင်ငံ ဘက်ခြမ်းကို စစ်ဘေးရှောင်ခဲ့ရကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစတင်ပြီး နိုင်ငံတဝှမ်းရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာတပ်မတော်ကြားတိုက်ပွဲတွေဖြစ်လာခဲ့ရာ လူပေါင်း ၂ သိန်းခန့် နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာနိုင်ငံသား ၅ဝဝဝ ခန့် စစ်ဘေးရှောင်ဖို့ သွားရောက်ခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာဒုံမြို့နယ်၌ YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ အလှူခံမဏ္ဍာပ်အား ဝင်တိုက်ခဲ့ရာ လူတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ