တရုတ်သမ္မတကို "အာဏာရှင်" လို့ စွပ်စွဲခဲ့တဲ့ အမေရိကန်သမ္မတကို တရုတ်အစိုးရ ပြန်လည်တုံ့ပြန်ပြောဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၇
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ပြောဆိုချက်တွေဟာ တာဝန်မဲ့လွန်းသလို မှားယွင်းမှုတွေရှိနေကြောင်း တရုတ်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်သမ္မတရှီကျင့်ဖျင့်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတရှီကျင့်ဖျင့်ကို အာဏာရှင်အဖြစ် ဝေဖန်ပုတ်ခတ်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ တရုတ်သမ္မတရှီကျင့်ဖျင့်ကို ပြီးခဲ့တဲ့ ဇွန်လကလည်း အာဏာရှင်အဖြစ် ရည်ညွန်းဝေဖန်ခဲ့ဖူးကြောင်း သိရပါတယ်။
အမေရိကန်သမ္မတက "ရှီကျင့်ဖျင့်ဟာ ကွန်မြူနစ်နိုင်ငံကို အုပ်ချုပ်နေတဲ့အာဏာရှင်တစ်ဦးသာဖြစ်တယ်။ သူတို့ အစိုးရအဖွဲ့ ဖွဲ့စည်းပုံတွေဟာ ကျွန်တော်တို့ထက်များစွာ ကွဲပြားခြားနားတယ်" လို့ ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က အမေရိကန်သမ္မတရဲ့ ပြောဆိုချက်တွေဟာ နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုတွေဖြစ်အောင် လုပ်ဆောင်တာမျိုးဖြစ်ပြီး၊ အဲဒီလုပ်ရပ် တွေကို ပြစ်တင်ရှုတ်ချကြောင်း၊ အမေရိကန်သမ္မတရဲ့ပြောဆိုချက်တွေက လုံးဝမှားယွင်းပြီး နိုင်ငံရေးအရ တာဝန်ခံမှု ကင်းမဲ့လွန်းကြောင်း တုံ့ပြန်ခဲ့ပါတယ်။
မာအိုနင်က နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးတည်ဆောက်ရာမှာ အပြန်အလှန်လေးစားမှုတွေကို အခြေခံရ မှာဖြစ်ကြောင်း၊ နိုင်ငံတိုင်းမှာ ကိုယ်ပိုင်အခက်အခဲပြဿနာတွေရှိနေရာ အမေရိကန်နိုင်ငံအနေနဲ့လည်း ကိုယ့် ပြည်တွင်းရေးပြဿနာတွေနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဘဝရှင်သန်နေထိုင်မှုတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင် ပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အပြန်အလှန်ဆက်ဆံရေးအေးစက်ခဲ့ပြီး တင်းမာမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့ပေါ်ရှိ “အောင်”ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဆုံးရှုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ