မန္တလေးမြို့ပေါ်ရှိ “အောင်”ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဆုံးရှုံး
မြူနစ် (NSS) - နိုဝင်ဘာ ၁၇
မန္တလေးမြို့ပေါ်ရှိ “အောင်”ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရပြီး ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဆုံးရှုံးသွားခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဓါးပြတိုက်မှုဖြစ်စဉ်သည် ယနေ့(နိုဝင်ဘာလ ၁၇ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ “အောင်” ရွှေဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမျိုးသား(၃)ဦးသည် ကားတစ်စီးဖြင့် ရွှေဆိုင်ရှေ့သို့ ရောက်ရှိလာကာ သေနတ်(၂)ချက်ခန့် ပစ်ဖောက်ခဲ့ပြီးနောက် ဆိုင်အတွင်းရှိ ရွှေကောင်တာအား တူဖြင့်ထုခွဲကာ ဓါးပြတိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဓါးပြတိုက်သူများသည် “အောင်”ရွှေဆိုင်အတွင်းမှ စုစုပေါင်းငွေကျပ်သိန်းပေါင်း (၁၁၃၁၀) တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။
ထို့ပြင် အခင်းဖြစ်စဉ်နေရာအနီးမှ NRC 9 MM Luger ကျည်ခွံတစ်ခွံ၊ 380 ပစ္စတိုကျည်ခွံ တစ်ခွံနှင့် အရိုးအသွား (၁၂) လက်မခန့်ရှိ တူတစ်ချောင်းကို သိမ်းဆည်းရရှိခဲ့သည်ဟု ပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ဓါးပြတိုက်သူများကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် မန္တလေးနှင့်ရန်ကုန်မြို့၌ ဓါးပြတိုက်ခံရသည့်ဖြစ်စဉ်များသည် မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှာ အပစ်ခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ အိန္ဒိယအစိုးရ တိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း