ဂါဇာဒေသကိုတိုက်ခိုက်ရာမှာ အရပ်သားတွေထိခိုက်မှုနည်းအောင် လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဟု အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - နိုဝငိဘာ ၁၇
အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာဒေသကို တိုက်ခိုက်ရာမှာ အရပ်သားတွေ ထိခိုက်မှုနည်းပါးအောင် အကောင်းဆုံး လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများက ဂါဇာဒေသကို တိုက်ခိုက်ရာမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှု လျော့နည်းအောင်လုပ်ဆောင်ဖို့ အစ္စရေးနိုင်ငံကို မကြာခဏ တိုက်တွန်းနေပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကိ ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ရာ အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ကျွန်တော်တို့ဟာ ဂါဇာဒေသကို တိုက်ခိုက်ချိန်အတွင်း အရပ်သားတွေ ထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရဘူး။ အရပ်သားတွေ ထိခိုက်သေဆုံးတာမျိုးတွေ ရှိနေတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အရပ်သားတွေကိုအသုံးချဖို့ အရာရာတိုင်းလုပ်ဆောင်နေတယ်" လို့ ပြောပါတယ်။
အစ္စရေးက ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကို အပြီးသတ် ချေမှုန်းနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာဒေသကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ရက်ပေါင်း ၄ဝ ကျော် အတွင်း အနည်းဆုံး ပါလက်စတိုင်းလူမျိုး တစ်သောင်းကျော်သေဆုံးထားကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်က ၎င်းတို့အနေနဲ့ ဂါဇာဒေသကို တိုက်ခိုက်ရာမှာ အရပ်သားတွေထိခိုက်သေဆုံးမှု နည်းပါးအောင် အဓိကထားလုပ်ဆောင်ကာ ဟားမက်စ်အဖွဲ့ကို အပြီးသတ်တိုက်ခိုက်ဖို့ ကြိုးပမ်းမယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်သမ္မတကို "အာဏာရှင်" လို့ စွပ်စွဲခဲ့တဲ့ အမေရိကန်သမ္မတကို တရုတ်အစိုးရ ပြန်လည်တုံ့ပြန်ပြောဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ