လားရှိုးတက္ကသိုလ်၌ဖြေဆိုမည့် တတိယအသုတ် အဝေးသင်တက္ကသိုလ်စာမေးပွဲများကို ယနေ့မှစတင်၍ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း
စော (NSS) - နိုဝင်ဘာ ၁၆
လားရှိုးတက္ကသိုလ်၌ ဖြေဆိုမည့် တတိယအသုတ် အဝေးသင်တက္ကသိုလ်စာမေးပွဲများကို ယနေ့မှစတင်၍ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ်မှ ကြေညာထားသည်။
လားရှိုးတက္ကသိုလ်ရှိ တတိယအသုတ် မြန်မာစာ နှင့် သမိုင်းအထူးပြုသင်တန်းနှစ်များ၏ အဝေးသင်တက္ကသိုလ်စာမေးပွဲများကို ယနေ့ နိုဝင်ဘာလ(၁၆)ရက် မွန်းလွဲပိုင်းမှစတင်၍ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
“ဒီနေ့က စပြီးတော့ သမိုင်းနဲ့ မြန်မာစာအထူးပြုတွေကို ပိတ်လိုက်တာပါ။ လောလောဆယ် အခြေအနေအရတော့ အကုန်နားထားတယ်။ အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲတွေကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းက မှန်ပါတယ်”ဟု လားရှို့မြို့ခံတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အဝေးသင်တက္ကသိုလ်စာမေးပွဲများ ရက်အကန်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ကြေညာထားသော်လည်း ပြန်လည်ဖြေဆိုရမည့်ရက်အား ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၃)ရက်တွင်လည်း KNPP နှင့် PDF အဖွဲ့တို့က လွိုင်ကော်တက္ကသိုလ်အား သေနတ်များ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ဝင်ရောက်စီးနင်းခဲ့သဖြင့် တက္ကသိုလ်ရှိ တတိယအသုတ် အဝေးသင်တက္ကသိုလ်စာမေးပွဲများကို ရက်အကန့် အသတ်မရှိရွှေ့ဆိုင်းထားသည်။
နစကမှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့နယ် အပါအဝင် ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်နှင့် သိန်းနီမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ည(၆)နာရီမှ မနက်(၆)နာရီအထိ ညမထွက်အမိန့်ကိုလည်း အသိပေးကြေညာထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA၊ TNLA ၊AA (၃)ဖွဲ့မှ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ပြီးခဲ့သည့် (အောက်တိုဘာလ ၂၇ ရက်)မှစတင်ကာ တပ်မတော်စခန်းချရာနေရာနှင့် လုံခြုံရေးစခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း(၇၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား HIACE ကားပေါ်မှဖမ်းမိ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း