ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း(၇၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား HIACE ကားပေါ်မှဖမ်းမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း(၇၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား TOYOTA HIACE ကားပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော(နိုဝင်ဘာလ ၈ ရက်)၊ နံနက် ၉နာရီက ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။
အဆိုပါကျေးရွာအနီးတွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ မောင်မောင်းဝင်း မောင်းနှင်ကာ ဇေယျာကျော်၊ အာကာမင်းမြတ်ကျော်နှင့် လေးမြင့်တို့ လိုက်ပါလာသည့် TOYOTA HIACE ကားကို ရှာဖွေစစ်ဆေးခဲ့ရာ ငွေကျပ်သိန်း(၇၁၀၀)တန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၇ သိန်း နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ဆေးချက်များအရ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မျိုးအောင်(ခ)သီလအား ပဲခူးမြို့၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ နွယ်သာကီလမ်းရှိ ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ သယ်ဆောင်လာကာ မွန်ပြည်နယ်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၎င်းတို့(၅)ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိသည့် ဗီယက်နမ်နိုင်ငံသားနှင့် မြန်မာဆရာဝန်တို့ ဖွင့်လှစ်ထားသော အလှအပရေးရာဆေးခန်းအား အမှုဖွင့်အရေးယူ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း