မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့တရုတ်နိုင်ငံသားတွေကို မိခင်နိုင်ငံသို့ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လာဖို့ ယူနန်ရဲတပ်ဖွဲ့ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၆
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား တွေကို မိခင်နိုင်ငံကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီးပြန်လာဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုများ၊ ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ ဂိုဏ်းခေါင်းဆောင်လေးဦးကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက် တရုတ်ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို မိခင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ပြန်လာဖို့ အခုလိုမျိုးသတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ယူနန်ပြည်နယ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသားတွေ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံစေဖို့ နဲ့ အွန်လိုင်း အသုံးပြုပြီး လိမ်လည်မှုကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့တရားမဝင်လုပ်ရပ်တွေကို ထိရောက်တဲ့ဖြိုခွင်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်နေတဲ့အတွက် အခုလိုမျိုးတရုတ်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယူနန်ပြည်နယ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေဟာ တရုတ်နိုင်ငံကို ပြန်မလာခင်ရဲတပ်ဖွဲ့ထံ အနည်းဆုံး ၇ ရက် ကြိုတင်အကြောင်းကြားရမှာဖြစ်တဲ့အပြင် တရားဝင် လမ်းကြောင်းကနေ တရုတ်နိုင်ငံကို ပြန်ရမယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံသားမြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေဟာ တရုတ်နိုင်ငံကို ပြန်လည် ရောက်ရှိချိန်မှာ ဒေသဆိုင်ရာရဲတပ်ဖွဲ့ထံ ချက်ချင်း အသိပေးအကြောင်း ကြားရမယ်လို့ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ က ဖော်ပြထားပါတယ်။
သတ်မှတ်ထားတဲ့အချိန်အတွင်း တရုတ်နိုင်ငံကိုပြန်လာတဲ့ တရုတ်နိုင်ငံသားတွေကို သက်ညှာတဲ့ပြစ်ဒဏ် ဒါမှမဟုတ် ပြစ်ဒဏ်လျော့ပေးတာမျိုးလုပ်ဆောင်မယ်လို့လည်း ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အွန်လိုင်းအသုံးပြုကာ ရာဇဝတ်မှုကျူးလွန်နေတဲ့ ဂိုဏ်းတွေမှာ ပါဝင်လုပ်ကိုင် ခဲ့တဲ့အခြေအနေတွေအပေါ် မူတည်ပြီးပြစ်ဒဏ်ပေးမှုကနေ ကင်းလွတ်ခွင့်ရမှာဖြစ်တယ်လို့ တရုတ်ယူနန်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကိုလက်နက်တပ်ဆင်ပေးတာမျိုးမလုပ်ဖို့ တရုတ်သမ္မတ တိုက်တွန်းတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ