ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံမှ ကူညီပေးနေသည့်ကိစ္စများအပေါ် နစကဥက္ကဋ္ဌနှင့် အာရှရေးရာအထူးကိုယ်စားလှယ်တို့ ဆွေးနွေး
မျိုးကြီး (NP News) - မတ် ၇
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံမှ ကူညီပေးနေသည့်ကိစ္စများအပေါ် နစကဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၌ မတ်လ ၆ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အထူးကိုယ်စားလှယ် H.E. Mr. Deng Xijun တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေများကိုလည်း နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်အခြေအ နေများကိုလည်း မြန်မာ-တရုတ်နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာမှုနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေသည့်ကိစ္စများနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးအတွက်လည်း နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေးကိစ္စများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်တို့က ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထား သည်။
နစကအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁ဝ)ဖွဲ့ နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိပြီး အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လျက်ရှိနေသည်။
ထိုသို့ ငြိမ်းချမ်းရေးဖိတ်ခေါ်နေမှုနှင့်အတူ အခြားတစ်ဖက်တွင်လည်း ဒေသအချို့၌ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိနေသည်ကိုလည်း တွေ့ရှိရသည်။
zawgyi version
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ တ႐ုတ္ႏိုင္ငံမွ ကူညီေပးေနသည့္ကိစၥမ်ားအေပၚ နစကဥကၠ႒ႏွင့္ အာရွေရးရာအထူးကိုယ္စားလွယ္တို႔ ေဆြးေႏြး
မ်ိဳးႀကီး (NP News) - မတ္ ၇
ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ တ႐ုတ္ႏိုင္ငံမွ ကူညီေပးေနသည့္ကိစၥမ်ားအေပၚ နစကဥကၠ႒ ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာအထူးကိုယ္စားလွယ္တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ေနျပည္ေတာ္၌ မတ္လ ၆ ရက္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ အထူးကိုယ္စားလွယ္ H.E. Mr. Deng Xijun တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း နစကမွသတင္းထုတ္ျပန္ထားသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ နယ္စပ္ေဒသႏွင့္ ျပည္တြင္းတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ႏိုင္ငံေတာ္မွတိုင္းရင္း သားလက္နက္ကိုင္ အဖြဲ႕မ်ားႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးမႈမ်ား ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားအျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ တ႐ုတ္ႏိုင္ငံအေနျဖင့္ ကူညီေဆာင္႐ြက္ေပးေနသည့္အေျခအေနမ်ားကိုလည္း ႏွစ္ဖက္အၾကား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မူးယစ္ေဆးဝါးတားဆီးကာကြယ္ေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္သည့္အေျခအ ေနမ်ားကိုလည္း ျမန္မာ-တ႐ုတ္ႏွစ္ဖက္အၾကား ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဆက္လက္ၿပီး ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား ျပန္လည္ေကာင္းမြန္လာမႈႏွင့္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးေဆာင္႐ြက္ေနသည့္ကိစၥမ်ားႏွင့္ စီးပြားေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ၊ က႑ေပါင္းစုံပူးေပါင္းေဆာင္႐ြက္မႈမ်ားတြင္ ပိုမိုတိုးတက္ေဆာင္႐ြက္ႏိုင္ေရးအတြက္လည္း ႏွစ္ဖက္စလုံးက ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈအေျခအေနမ်ား၊ ႏိုင္ငံတကာေရးရာကိစၥရပ္မ်ားႏွင့္ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းမႈေဖာ္ေဆာင္ေရးကိစၥမ်ားကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာအထူးကိုယ္စားလွယ္တို႔က ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထား သည္။
နစကအေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕(၁ဝ)ဖြဲ႕ ႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးလ်က္ရွိၿပီး အျခားေသာတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကိုလည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ဖိတ္ေခၚလ်က္ရွိေနသည္။
ထိုသို႔ ၿငိမ္းခ်မ္းေရးဖိတ္ေခၚေနမႈႏွင့္အတူ အျခားတစ္ဖက္တြင္လည္း ေဒသအခ်ိဳ႕၌ ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္စဥ္မ်ား ျဖစ္ပြားလ်က္ရွိေနသည္ကိုလည္း ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးကုသမှုခံယူနေသော ကျောင်းသားများအတွက် ဆေးရုံစာဖြေဌာန(၄)ခု ဖွင့်လှစ်ကာ ဖြေဆိုခွင့်ပြုမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ