ဆေးကုသမှုခံယူနေသော ကျောင်းသားများအတွက် ဆေးရုံစာဖြေဌာန(၄)ခု ဖွင့်လှစ်ကာ ဖြေဆိုခွင့်ပြုမည်
ယွန်း (NP News) - မတ် ၇
ဆေးကုသမှုခံယူနေသော ကျောင်းသားများအတွက် နစ်နာမှုမရှိစေရန် ဆေးရုံစာဖြေဌာန(၄)ခု ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နစကမှ မတ်လ(၆)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
(၂ဝ၂၃)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မနက်ဖြန် မတ်လ(၈)ရက် မှ (၁၈)ရက်အထိ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းချက်အရ ဆေးကုသမှုခံယူနေရသော ကျောင်းသား၊ ကျောင်းသူများကိုလည်း နစ်နာမှုမရှိစေရန် ဆေးရုံစာဖြေဌာန(၄)ခု ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်း ဆေးရုံစာဖြေဌာနများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီဆေးရုံကြီးတို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မတ်လ(၈)ရက်တွင် စတင်ဖြေဆိုမည့် ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့်သူ (၁၇၉၇၄၂)ဦးရှိပြီး ပြီးခဲ့သည့်နှစ်က စာဖြေသူထက် (၁ဝ၂ဝဝ၉) ဦး လျော့နည်းခဲ့ကြောင်း သိရသည်။
zawgyi version
ေဆးကုသမႈခံယူေနေသာ ေက်ာင္းသားမ်ားအတြက္ ေဆး႐ုံစာေျဖဌာန(၄)ခု ဖြင့္လွစ္ကာ ေျဖဆိုခြင့္ျပဳမည္
ယြန္း (NP News) - မတ္ ၇
ေဆးကုသမႈခံယူေနေသာ ေက်ာင္းသားမ်ားအတြက္ နစ္နာမႈမရွိေစရန္ ေဆး႐ုံစာေျဖဌာန(၄)ခု ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
နစကမွ မတ္လ(၆)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
(၂ဝ၂၃)ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မနက္ျဖန္ မတ္လ(၈)ရက္ မွ (၁၈)ရက္အထိ က်င္းပသြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ စာေမးပြဲတြင္ က်န္းမာေရးဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာန ႏွင့္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနတို႔၏ ညႇိႏႈိင္းခ်က္အရ ေဆးကုသမႈခံယူေနရေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကိုလည္း နစ္နာမႈမရွိေစရန္ ေဆး႐ုံစာေျဖဌာန(၄)ခု ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
၎ ေဆး႐ုံစာေျဖဌာနမ်ားကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာပ အေထြေထြေရာဂါကုႏွင့္ သင္ၾကားေရးေဆး႐ုံႀကီး၊ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးႏွင့္ ေဝဘာဂီေဆး႐ုံႀကီးတို႔တြင္ ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
မတ္လ(၈)ရက္တြင္ စတင္ေျဖဆိုမည့္ ၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ၌ ဝင္ေရာက္ေျဖဆိုမည့္သူ (၁၇၉၇၄၂)ဦးရွိၿပီး ၿပီးခဲ့သည့္ႏွစ္က စာေျဖသူထက္ (၁ဝ၂ဝဝ၉) ဦး ေလ်ာ့နည္းခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော်သားများသည် တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ဖြင့် အချိန်အခါမရွေး တိုက်ပွဲဝင်နိုင်ရမည်ဟု တပ်ချုပ်ဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း