MFF Rhino Futsal Championship 2023 အုပ်စု ပွဲစဉ်များကို မနက်ဖြန်တွင် စတင်ကျင်းပမည်
ကျော် (NSS) - နိုဝင်ဘာ ၁၅
MFF Rhino Futsal Championship 2023 အုပ်စုပွဲစဉ်များကို မနက်ဖြန် (နိုဝင်ဘာလ ၁၆ ရက်)မှစတင် ၍ ကျင်းပသွားမည်ဖြစ်ကြောင်း MFF Futsal မှသိရသည်။
အုပ်စုအဆင့်ပွဲစဥ်များအား မနက်ဖြန် ၊ နံနက် ၈ နာရီမှစတင်၍ တစ်ရက်လျှင် ၆ ပွဲနှုန်းဖြင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF Futsal Stadium တွင်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို Futsal အသင်းပေါင်း ၂၆ သင်းပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကာ (၄)သင်းပါ နှစ်အုပ်စု၊ (၃)သင်းပါ ခြောက်အုပ်စုခွဲ၍ ယှဥ်ပြိုင်ကစားစေမည်ဖြစ်ကာ အုပ်စု ပထမရအသင်းနှင့် ဒုတိယရအသင်းများ ရှုံးထွက်အဆင့်သို့ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်သည်။
မနက်ဖြန်အုပ်စုအဖွင့်ပွဲစဥ်များအဖြစ် VUC FC နှင့် Noka FC ၊ M2K FC နှင့် Sun Far FC ၊ Black Cross FC နှင့် Mali Kyal Sin FC ၊ Shwe Pyi Thar FC နှင့် SGF FC ၊ Yoma FC နှင့် YRG FC ၊ Futsal Chit Thu FC နှင့် TG United FC တို့ယှဥ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။
MFF Rhino Futsal Championship 2023 ပြိုင်ပွဲတွင် League 1 ပြိုင်ပွဲမှ အသင်းပေါင်း (၇)သင်း၊ League 2 ပြိုင်ပွဲမှ အသင်းပေါင်း(၆)သင်း၊ Carabao Amateur Cup မှ အသင်းပေါင်း (၇)သင်း၊ မန္တလာဖူဆယ်လိဂ်မှ အသင်းပေါင်း(၆)သင်းတို့ဖြင့် နိုဝင်ဘာလ ၁၆ မှ ၂၉ ရက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သဘာဝဓါတ်ငွေ့ရည်(LNG) အသုံးပြုမှုက ကျောက်မီးသွေးအသုံးပြုမှုထက် သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိခိုက်စေကြောင်း လေ့လာသုံးသပ်သူများပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း