သဘာဝဓါတ်ငွေ့ရည်(LNG) အသုံးပြုမှုက ကျောက်မီးသွေးအသုံးပြုမှုထက် သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိခိုက်စေကြောင်း လေ့လာသုံးသပ်သူများပြော
Pika (NSS) - နိုဝင်ဘာ ၁၆
ရုရှားနိုင်ငံက သဘာဝဓါတ်ငွေ့ထောက်ပံ့မှုကို ရပ်တန့်လိုက်သည့်နောက်ပိုင်းတည်းက စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဂျာမနီနိုင်ငံက ပိုမိုအသုံးပြုလာခဲ့သော သဘာဝဓါတ်ငွေ့ရည်(LNG) သည် ကျောက်မီးသွေးကို အသုံးပြုမှုထက် သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိခိုက်စေကြောင်း အမေရိကန်၏ နောက်ဆုံးလေ့လာသုံးသပ်မှု များကို ကိုးကားပြီး Welt သတင်းဌာနက ဖော်ပြခဲ့သည်။
ယူကရိန်းပဋိပက္ခမဖြစ်ပွားမီအချိန်အထိ ဂျာမနီနိုင်ငံသည် နိုင်ငံအတွင်းသို့တင်သွင်းသော သဘာဝဓါတ်ငွေ့များ အားလုံး၏(၄ဝ)ရာခိုင်နှုန်းကို ရုရှားနိုင်ငံထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ် တွင် ဂျာမနီနိုင်ငံသည် အမေရိကန်နိုင်ငံထံမှ သဘာဝဓါတ်ငွေ့ရည်(LNG) ကို အစားထိုးတင်သွင်းခြင်းဖြင့် ရုရှား စွမ်းအင်အပေါ် မှီခိုမှုများကို လျှော့ချလာခဲ့ကြောင်း သိရသည်။
Cornell University မှ မီသိန်း သုတေသီ Robert W. Howarth က "သဘာဝဓါတ်ငွေ့ရည်(LNG)အသုံးပြုမှုကနေ ဖြစ်ပေါ်လာတဲ့ဓါတ်ငွေ့ထုတ်လွှတ်မှုစုစုပေါင်းဟာ ကျောက်မီးသွေးအသုံးပြုတာထက် ပိုမိုများပြားနေပြီး အနည်းဆုံး(၂၄)ရာခိုင်နှုန်းကနေ (၂၇၄)ရာခိုင်နှုန်းအထိ ရှိနေပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် သဘာဝဓါတ်ငွေ့ရည် LNG ထောက်ပံ့ရေးကွင်းဆက်များမှ မီသိန်းယိုစိမ့်မှုကို တွေ့ရှိခဲ့ကြောင်း Robert W. Howarth က ထုတ်ဖော်ပြောခဲ့သည်။
ခေတ်အမီဆုံးသင်္ဘောများ နှင့် အတိုဆုံးသင်္ဘောများကို အသုံးပြုကာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျှင်ပင် သဘာဝဓါတ်ငွေ့ရည် (LNG) မှ ဓါတ်ငွေ့ထုတ်လွှတ်မှုများသည် ကျောက်မီးသွေး အသုံးပြုမှု ထက် အနည်းဆုံး(၂၄)ရာခိုင်နှုန်း ပိုများကြောင်း သုတေသီများက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် (CI) သက်သေခံလက်မှတ် ပျောက်ဆုံးသွားပါက (PJ)နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း