ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် (CI) သက်သေခံလက်မှတ် ပျောက်ဆုံးသွားပါက (PJ)နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ဟုဆို
စော (NSS) - နိုဝင်ဘာ ၁၅
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် (CI) သက်သေခံလက်မှတ် ပျောက်ဆုံးသွားပါက (PJ)နိုင်ငံကူးလက်မှတ်ကို လျှောက်ထားနိုင်ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးက ယမန်နေ့(နိုဝင်ဘာလ ၁၄ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ပျောက်ဆုံးသူများအနေဖြင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ် (PJ)ကို လာရောက်လျှောက်ထားနိုင်ကြောင်း သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်က ဆိုသည်။
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ပျောက်ဆုံးသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား အခက်အခဲများ မဖြစ်ပေါ်စေရေးနှင့် အထောက်အထားခိုင်လုံစွာဖြင့် အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်များကို စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(CI)ပျောက်ဆုံးသူများအနေဖြင့် ယမန်နေ့(နိုဝင်ဘာလ ၁၄ ရက်)မှစတင်၍ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်ကောက်ယူရေးစင်တာရုံးသို့ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့သို့ လာရောက်လျှောက်ထားရာတွင် CI စာအုပ်မိတ္တူ၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ CI စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာနှင့် ၎င်းထောက်ခံစာအား အင်္ဂလိပ်ဘာသာသို့ နိုတြီပြန်ဆိုချက် ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ CI စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာမူရင်း၊ Work Permit၊ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း)၊ အိမ်ထောင်စုစာရင်းမိတ္တူ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်တက္ကသိုလ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များ ထိန်းချုပ်၊ တက္ကသိုလ်ပါမောက္ခချုပ် သတ်ဖြတ်ခံရခြင်းမရှိဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ