ဟားမက်နှင့်စစ်ပွဲကို အစ္စရေး ရှုံးနိမ့်ခဲ့ပါက ဥရောပနှင့်အမေရိကန်တို့က နောက်ဆက်တွဲခြိမ်းခြောက်မှုများကို ခံရလာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ပြော
Pika (NSS) - နိုဝင်ဘာ ၁၆
အစ္စရေးသည် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားနေသော လက်ရှိစစ်ပွဲကို ရှုံးနိမ့်ခဲ့မည်ဆိုပါက အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့များသည် အမေရိကန်နှင့် ဥရောပတို့ကို ခြိမ်းခြောက်မှုများ လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် အစ္စရေးနိုင်ငံ ကျရှုံးခဲ့လျှင် အနောက်အုပ်စုနိုင်ငံများသည် နောက်ဆက်တွဲအကျိုးဆက်များကို ခံရမည့် နိုင်ငံများဖြစ်လာနိုင်ကြောင်း နေတန်ရာဟုက ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတွင် လုပ်ဆောင်နေသော အစ္စရေး၏ စစ်ဆင်ရေးများကို အမေရိကန်နိုင်ငံက ထောက်ခံခဲ့ကြောင်း နေတန်ရာဟုက ထုတ်ဖော်ပြောခဲ့သည်။ သို့သော်လည်း နေတန်ရာဟုသည် အပစ်အခတ် ရပ်စဲရန်တောင်းဆိုမှုများကို ငြင်းဆန်ပယ်ချခဲ့ကာ ဟားမက်အဖွဲ့လက်နက်ချ အရှုံးပေးမှသာ စစ်ပွဲရပ်တန့်မည်ဖြစ် ကြောင်း အခိုင်အမာပြောခဲ့သည်။
နေတန်ရာဟု က "ဟားမက်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အနိုင်ရရှိဖို့ လိုအပ်တယ်ဆိုတာဟာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားအတွက်တင်မဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသရဲ့အကျိုးစီးပွားအတွက်လည်း ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့အာရပ်အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာကြီးရဲ့အကျိုးစီးပွားအတွက်လည်းဖြစ်ပါတယ်။ အစ္စရေးကို ကာကွယ်နိုင်ဖို့အတွက် ကျွန်တော်တို့ အနိုင်ရမှဖြစ်မှာပါ။ အရှေ့အလယ်ပိုင်းဒေသကို ကာကွယ်ဖို့အတွက်လည်း ကျွန်တော်တို့အနိုင်ရမှ ဖြစ်မှာပါ။ ဒါက ကျွန်တော်တို့ရဲ့တိုက်ပွဲဖြစ်ပြီး လက်ရှိအချိန်မှာလည်း အကောင်းဆုံး ဆက်လက် တိုက်ပွဲဝင်နေပါတယ်။ ဒီလိုအောင်ပွဲအတွက် အစားထိုးစရာမရှိပါဘူး။ ကျွန်တော်တို့ ဒီစစ်ပွဲကို မနိုင်ခဲ့ဖူး ဆိုရင် ဥရောပနဲ့ အခြားနိုင်ငံတွေက နောက်ဆက်တွဲတွေ ဖြစ်လာမှာပါ။ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမက် လက်နက်ကိုင်အဖွဲ့၊ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာအဖွဲ့၊ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲနဲ့ အီရန်အစိုးရ တို့ဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ကမ္ဘာကြီးကို အမှောင်ခေတ်ကို ပြန်ပို့နေတာပါ။ အခြားတစ်ဖက်မှာတော့ အရှေ့ အလယ်ပိုင်းနဲ့ ကမ္ဘာကြီးငြိမ်းချမ်းတာ၊ သာယာဝပြောတာတွေကို မြင်ချင်တဲ့ အစ္စရေး၊ အာရပ်နိုင်ငံတွေ၊ အမေရိကန်တို့က ရပ်တည်နေပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MFF Rhino Futsal Championship 2023 အုပ်စု ပွဲစဉ်များကို မနက်ဖြန်တွင် စတင်ကျင်းပမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ