ယူကရိန်းပဋိပက္ခက နောက်ထပ်(၅)နှစ်ခန့်အထိ ကြာမြင့်နိုင်ဖွယ်ရှိနေကြောင်း အနောက်အုပ်စုနိုင်ငံများ၏ ခေါင်းဆောင်များ ဝန်ခံပြောဆို
Pika (NSS) - နိုဝင်ဘာ ၁၆
ရုရှား နှင့် ယူကရိန်းတို့သည် တစ်ဖက်နှင့်တစ်ဖက် အပြီးသတ်အနိုင်ယူနိုင်ခြင်းမျိုး မရှိသောကြောင့် နှစ်နိုင်ငံကြား ပဋိပက္ခမှာ နောက်ထပ်(၅)နှစ်ခန့်ထိ ကြာမြင့်နိုင်ဖွယ်ရှိနေကြောင်း အနောက်အုပ်စုနိုင်ငံများ၏ ခေါင်းဆောင်များ က ဝန်ခံပြောခဲ့သည်။
ရုရှားနှင့် ယူကရိန်း နှစ်ဖက်လုံးသည် လက်လျှော့ရန် ပြင်ဆင်ထားခြင်းမျိုးမရှိသောကြောင့် နှစ်နိုင်ငံကြားဖြစ်ပွားနေ သော ပဋိပက္ခမှာ မကြာမီအချိန်အတွင်း ပြီးဆုံးနိုင်မည့် အရိပ်အယောင်များ မရှိကြောင်း The Economist မဂ္ဂဇင်း က ဖော်ပြခဲ့သည်။
အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းအတွက် အမြောက်ကျည်များ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင် ခြင်းမျိုးမရှိတော့သည့်အပြင် ထပ်မံပေါ်ပေါက်လာသော အစ္စရေး-ဟားမက်စစ်ပွဲကြောင့် ယူကရိန်းအပေါ် အနောက်အုပ်စုနိုင်ငံများ၏ အာရုံစူးစိုက်မှု နည်းပါးလာခဲ့ကြောင်း အဆိုပါမဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လတွင် ဝါရှင်တန်မြို့ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ အကြီးတန်းအကြံပေး Mark Cancian က "အချိန်ကြာလာတာနဲ့အမျှ ယူကရိန်းအပေါ် အာရုံစူးစိုက်မှုတွေက အစ္စရေးဖက်ကို ကူးပြောင်းနေပါ တယ်။ ပြီးတော့ တန်ပြန်ထိုးစစ်ဆင်မှုအတွက် လိုအပ်တဲ့စစ်လက်နက်ပစ္စည်းတွေကိုလည်း ယူကရိန်းက လိုအပ် သလောက် ရရှိနိုင်တော့မှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
ထို့အပြင် ယူကရိန်းနှင့် ရုရှားကြားဖြစ်ပွားနေသောစစ်ပွဲသည် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကို ရောက်ရှိ နေကြောင်း ယူကရိန်းထိပ်တန်းဗိုလ်ချုပ်ကြီး Valery Zaluzhny က ယခုလအစောပိုင်းတွင် ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် ယူကရိန်းပဋိပက္ခသည် အနောက်အုပ်စုနိုင်ငံများ၏ လက်နက်တိုက်များတွင် သိုလှောင်မှုများ နည်းပါးနေ သည်ကို ပြသခဲ့ကြောင်း The Economist မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံသည် (၁၅၅)မီလီမီတာ အမြောက်ကျည်များ ထုတ်လုပ်မှုကို ပိုမိုအရှိန်မြှင့်တင်ခဲ့သော်လည်း ၂ဝ၂၅ ခုနှစ်တွင် အမေရိကန်၏ ထုတ်လုပ်မှုမှာ ၂ဝ၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ထုတ်လုပ်မှုထက် ပိုမိုလျော့နည်းလိမ့်မည်ဖြစ်ကြောင်း အဆိုပါမဂ္ဂဇင်းက ဖော်ပြခဲ့ သည်။
ရုရှား-ယူကရိန်းစစ်ပွဲ နှင့် အစ္စရေး-ဟားမက်စစ်ပွဲတို့ အချိန်ကြာရှည်စွာ ဆက်လက်ဖြစ်ပွားနေဦးမည်ဆိုပါက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသည် နောက်ထပ်အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ရာတွင် အခက်အခဲ များ ရှိလာလိမ့်မည်ဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်နှင့်စစ်ပွဲကို အစ္စရေး ရှုံးနိမ့်ခဲ့ပါက ဥရောပနှင့်အမေရိကန်တို့က နောက်ဆက်တွဲခြိမ်းခြောက်မှုများကို ခံရလာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ