တက္ကသိုလ်နှင့်ကောလိပ်ပေါင်း (၅၀)အတွက် နည်းပြ/ သရုပ်ပြများခေါ်ယူ
စော (NSS) - နိုဝင်ဘာ ၁၅
Naypyitaw State Academy အပါအဝင် တက္ကသိုလ်နှင့်ကောလိပ်ပေါင်း (၅၀)အတွက် သရုပ်ပြ/နည်းပြ များခေါ်ယူနေကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ယနေ့(နိုဝင်ဘာလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေး ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။
အဆင့်မြင့်ပညာဦးစီးဌာနရှိ Naypitaw State Academy အပါအဝင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် စစ်တွေတက္ကသိုလ်တို့တွင် နည်းပြ/သရုပ်ပြများ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မုံရွာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်တို့တွင်လည်း နည်းပြ/သရုပ်ပြများ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပင်လုံတက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ရေနံချောင်းတက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်၊ မိုးညှင်းတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ တောင်ကုတ်တက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ ဟုမ္မလင်းဒီဂရီကောလိပ် စုစုပေါင်း တက္ကသိုလ်နှင့် ကောလိပ်ပေါင်း (၅၀)တို့တွင် နည်းပြ/သရုပ်ပြများ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်လိုသော တက္ကသိုလ်နှင့်ကောလိပ်များတွင် လျှောက်လွှာများကို အခမဲ့ရယူပြီး လာမည့် ဒီဇင်ဘာလ (၁၅)ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် မိမိတို့လျှောက်လွှာတင်သွင်းခဲ့သည့် တက္ကသိုလ်နှင့် ကောလိပ်များတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုအောင်မြင်သူများအား လူတွေ့စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ပါရဂူဘွဲ့ရရှိသူများသည် လူတွေ့စာမေးပွဲကိုသာဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းပဋိပက္ခက နောက်ထပ်(၅)နှစ်ခန့်အထိ ကြာမြင့်နိုင်ဖွယ်ရှိနေကြောင်း အနောက်အုပ်စုနိုင်ငံများ၏ ခေါင်းဆောင်များ ဝန်ခံပြောဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း