ဥရောပသမဂ္ဂအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် လာမယ့်နှစ်မှာ အမြှောက်ကျည်ဆံတစ်သန်း ကူညီပေးဖို့ စီစဉ်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၆
ဥရောပသမဂ္ဂဟာ ယူကရိန်းနိုင်ငံကို လာမယ့်နှစ်အတွင်း အနည်းဆုံး အမြှောက်ကျည်ဆံ တစ်သန်း ကူညီထောက်ပံ့ပေးသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဥရောပသမဂ္ဂရဲ့နိုင်ငံခြားမူဝါဒရေးရာအဖွဲ့အကြီးအကဲ ဂျိုးဆပ်ဘော်ရယ်လ်က ပြီးခဲ့တဲ့နှစ်ကတည်းက ယူကရိန်းကို ကူညီထောက်ပံ့ပေးခဲ့ပြီး လက်ရှိအချိန်အထိ ဥရောပသမဂ္ဂဟာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အနည်းဆုံး ယူရို ၂၇ ဘီလျံကျော် ကူညီထောက်ပံ့ပေးထားကြောင်း ပြောပါတယ်။
ဂျိုးဆပ်ဘော်ရယ်လ်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲများဖြစ်နေပေမယ့် ယူကရိန်းကို မေ့မထားသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ၎င်းက "ကျွန်တော်တို့ဟာ ယူကရိန်းကို စစ်ရေး အကူအညီတွေ တိုးမြှင့်ထောက်ပံ့ပေးနေတယ်။ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၂၇ ဘီလျံကူညီထောက်ပံ့ ပေးထားတယ်။ ယူကရိန်းစစ်သားတွေကို လေ့ကျင့်သင်ကြားပေးတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်။ ဥရောပသမဂ္ဂဟာ ယူကရိန်းနိုင်ငံအနောက်မှာ အမြဲတမ်းဆက်ရှိသွားမယ်" လို့ ပြောပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ကူညီထောက်ပံ့ပေးမယ့် ဥရောပသမဂ္ဂရဲ့အစီအစဉ်အသစ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိနေကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ဟာ ယူကရိန်းကို စစ်ရေး အကူအညီအဖြစ် ဆက်လက်ကူညီပေးရမယ့်အခြေအနေကို လိုလားဆန္ဒမရှိဘဲဖြစ်နေပါတယ်။ ဆလိုဗက်ကီးယား နိုင်ငံက ယူကရိန်းကို စစ်ရေးအကူအညီပေးမှုတွေ အဆုံးသတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားသလို ပြင်သစ် နိုင်ငံကလည်း ယူကရိန်းကို စစ်ရေးအကူအညီတိုက်ရိုက်ပေးတာတွေကို ပြန်ရုတ်သိမ်းသွားဖွယ်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ပြင်သစ်အစိုးရဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ တိုက်ရိုက်ကူညီပေးမှာ မဟုတ်ပေမယ့် ပြင်သစ်နိုင်ငံရှိ ပုဂ္ဂလိကပိုင် စစ်လက်နက်ပစ္စည်းကုမ္ပဏီတွေထံကနေ စစ်လက်နက်ပစ္စည်းတွေ ထပ်မံ ဝယ်ယူခွင့်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်နှင့်ကောလိပ်ပေါင်း (၅၀)အတွက် နည်းပြ/ သရုပ်ပြများခေါ်ယူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ