ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်စေဖို့ ငြိမ်းချမ်းရေးစာချုပ် တရားဝင်ချုပ်ဆိုမှာမဟုတ်ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေး အကြီးအကဲပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၅
ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ အပစ်ခတ်ရပ်စဲရေးငြိမ်းချမ်းရေးစာချုပ်ကို ဘယ်တော့မှလက်မှတ်ရေးထိုးမှာမဟုတ်ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ Kirill Budanov က ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာ ရုရှား နဲ့ ဂျပန်တို့ဟာ အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးစာချုပ် ဘယ်တော့မှလက်မှတ်ရေးထိုးခြင်းမျိုးမရှိခဲ့တဲ့အချက်ကို ရည်ညွှန်းပြောဆိုခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာလက်ရှိအချိန်မှာ အချိန် (၂)နှစ်နီးပါးရှိနေပြီး ရုရှားက ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားပြီး ရုရှားနဲ့ ပေါင်းစည်းဖို့ စီစဥ်ထားကြောင်းသိရပါတယ်။
၎င်းက" နိုင်ငံတွေကြားဖြစ်ပွားခဲ့ဖူးတဲ့ စစ်ပွဲဟောင်းတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေး စာချုပ်လက်မှတ်ရေးထိုးမှုမရှိတဲ့နိုင်ငံတွေ တွေ့ရမှာပါ။ ဒုတိယ ကမ္ဘာစစ်ပွဲပြီးဆုံးချိန်မှာ ရုရှားနဲ့ ဂျပန်နိုင်ငံတို့ဟာ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးတာမျိုးမရှိပါဘူး။ ဂျပန် နဲ့ ရုရှားတို့ဟာ မြောက်ပိုင်းကျွန်းတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေခဲ့ပါတယ်။ ဒီပိုင်နက်ပြသာနာဟာ နှစ်ပေါင်း ၇၀ ကျော်ရှိနေခဲ့တယ်။ လက်ရှိအချိန်အထိ စာချုပ်ချုပ်တာမျိုးမရှိသေးဘူး"လို့ ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့စစ်ပွဲအချိန်ကြာလာတာနဲ့အမျှ ယူကရိန်းကို ကူညီထောက်ပံ့ပေးနေတဲ့အနောက်အုပ်စုနိုင်ငံအချို့ဟာ ယူကရိန်းကို ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လိုလားတိုက်တွန်းနေကြောင်းသိရပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေကို ပြန်လည်ရရှိစေဖို့အတွက် ဇွန်လမှာ ကြီးမားတဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သလောက်အောင်မြင်မှုမရခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပစ္စည်းပို့ဆောင်သူအမျိုးသားကို လူ(၂)ဦးမှ ရိုက်နှက်လုယက်ခဲ့မှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ