ပစ္စည်းပို့ဆောင်သူအမျိုးသားကို လူ(၂)ဦးမှ ရိုက်နှက်လုယက်ခဲ့မှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ပစ္စည်းပို့ဆောင်သူအမျိုးသားတစ်ဦးကို လူ(၂)ဦးမှ ရိုက်နှက်ပြီး ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့မှု ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့(နိုဝင်ဘာလ ၁၄ ရက်)၊ ည ၆ နာရီခန့်က အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အရိုက်ခံရတဲ့လူက Delivery ပို့တဲ့သူပါ။ သူပြောပြတာတော့ စက်ဘီးနင်းပြီးပြန်လာတုန်း လမ်းမှာ လူ(၂)ယောက်ကတားပြီး ရိုက်တာလို့ ပြောတယ်။ ပြီးတော့ ဖုန်းနဲ့ပိုက်ဆံတွေကိုလဲ လုသွားတယ်” ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ရိုက်နှက်လုယက်ခံရသည့် အမျိုးသားသည် အသက်(၂၇)နှစ်အရွယ်ဖြစ်ပြီး ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
“အရိုက်ခံရတဲ့ ဒဏ်ရာက ခေါင်းမှာတစ်ချက်ပဲရှိပါတယ်။ အခြားထိခိုက်တာတော့မရှိပါဘူး။ လုတဲ့လူတွေကတော့ရိုက်ပြီး ဖုန်းနဲ့ပိုက်ဆံအိတ်ကိုယူပြီး ထွက်ပြေးသွားတာ။ အမှုဖွင့်လားတော့ ကျွန်တော်တို့လဲမသိဘူး။ အဲဒီနေရာက တက္ကစီသမားတွေဆို ခဏခဏအလုခံရတယ်”ဟု ၎င်းကဆက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံအနေနဲ့ လာမယ့်နှစ်ပိုင်းအတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် အောင်မြင်မှာမဟုတ်ကြောင်း ထိုင်ဝမ်လုံခြုံရေးအဖွဲ့အကြီးအကဲ ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း