တရုတ်နိုင်ငံအနေနဲ့ လာမယ့်နှစ်ပိုင်းအတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် အောင်မြင်မှာမဟုတ်ကြောင်း ထိုင်ဝမ်လုံခြုံရေးအဖွဲ့အကြီးအကဲ ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၅
တရုတ်သမ္မတရှီကျင့်ဖျင့်အနေနဲ့ ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် လာမယ့် နှစ်ပိုင်းအတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် အောင်မြင်မှာမဟုတ်ကြောင်း ထိုင်ဝမ်လုံခြုံရေးအဖွဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ်ဟာ ၎င်းတို့ရဲ့ကာကွယ်ရေးစွမ်းရည်ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်တည်ဆောက်ဖို့ အချိန်ပိုမိုရရှိထားတဲ့အတွက် တရုတ်ရဲ့ကျူးကျော်မှုတွေ အောင်မြင်မှာမဟုတ်ကြောင်း ထိုင်ဝမ်လုံခြုံရေးအဖွဲ့အကြီးအကဲ က ဆိုပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ထိုင်ဝမ်ကတော့ တရုတ်လက်အောက် က ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ လိုလားနေပါတယ်။
ထိုင်ဝမ်အမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲ ဝယ်လင်တန်ကူက "လာမယ့် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း မှာ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်နိုင်မှာ မဟုတ်သေးဘူး။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖို့ ကျူးကျော်တိုက်ခိုက်မယ်ဆိုရင်တောင် လာမယ့် ၂ဝ၂၇ ခုနှစ်အတွင်းဖြစ်လာနိုင်ဖွယ်မရှိသေးဘူး လို့ ထင်ပါတယ်" လို့ ပြောပါတယ်။
အမေရိကန်စစ်ဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမက်မီလေးက တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ ၂ဝ၂၇ ခုနှစ်မှာ စစ်ရေးကျူးကျော်မှု လုပ်ဆောင်ဖွယ်ရှိတယ်လို့ ခန့်မှန်းခဲ့ဖူးပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင့်ဟာ ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းနိုင်ဖို့ လာမယ့် ၂ဝ၂၇ ခုနှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်ဖို့ လိုလားနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံက ၎င်းတို့ဟာ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းဖို့အတွက် ငြိမ်းချမ်းစွာလုပ်ဆောင်မှာဖြစ်ပေမယ့် လိုအပ်မယ်ဆိုရင် အင်အားသုံးဖြေရှင်းမှာဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန်အစိုးရကလည်း ၎င်းတို့အနေနဲ့ ထိုင်ဝမ်ကို တရုတ်နိုင်ငံ ကျူးကျော်လာမယ်ဆိုရင် ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ကတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားဖြစ်စဥ◌်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ