လွိုင်ကော်တက္ကသိုလ်ကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များ ထိန်းချုပ်၊ တက္ကသိုလ်ပါမောက္ခချုပ် သတ်ဖြတ်ခံရခြင်းမရှိဟုဆို
မြူနစ် (NSS) - နိုဝင်ဘာ ၁၅
ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်ကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များက ထိန်းချုပ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာလ ၁၁ ရက်တွင် လွိုင်ကော်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်သို့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများရှိခဲ့ပြီး တပ်မတော်လုံခြုံရေးအဖွဲ့နှင့်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လွိုင်ကော်တက္ကသိုလ်က ပါသွားပြီလေ။ လုံးဝကျသွားပြီ။ ပါချုပ်ကြီးနဲ့ (၁၂၉)ယောက်လောက်ကို ဖမ်းသွားတယ်။ ပါချုပ်ကြီးက မသေဘူးလို့လည်း ကြားတယ်။ မနေ့ကတော့ တပ်က တက္ကသိုလ်ကို စွန့်လွှတ်ပေးလိုက်ရတာပေါ့”ဟု လွိုင်ကော်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
လွိုင်ကော်တက္ကသိုပါမောက္ခချုပ် နှင့် ဆရာမများအပါအဝင် လူပေါင်း(၁၀၀)ကျော်ကို တပ်မတော်က လိုက်လံကယ်တင်ခဲ့မှုများရှိခဲ့သော်လည်း အနည်းငယ်သာ ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်ကို သတ်ဖြတ်ခြင်းမရှိဘဲ ကောင်းမွန်ထိန်းသိမ်းထားသည်ဟု ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များထဲတွင်ပါဝင်သည့် KNDF က မီဒီယာအချို့တွင် ပြောဆိုထား သည်ကို တွေ့ရှိရသော်လည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်များနှာ၌ တရားဝင် အသိပေးထုတ်ပြန်ခြင်းမျိုး မတွေ့ရှိရသေးပေ။
“လွိုင်ကော်တက္ကသိုလ်ဝန်းထဲက ဆရာ၊ ဆရာမတွေကို ကယ်ထုတ်ဖို့ လုပ်ဆောင်ခဲ့တယ်။ မနေ့က (၂၇)ယောက်လောက် ပြန်လည်လွတ်မြှောက်နိုင်ခဲ့တယ်။ ပါမောက္ခချုပ်ရဲ့ အိမ်ထဲမှာ ပိတ်မိနေတဲ့ ပေါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမ (၃)ယောက်နဲ့ ကလေး(၃)ယောက်ကိုတော့ ဖမ်းဆီးခေါ်သွားတယ်လို့ သိရတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (နိုဝင်ဘာလ ၁၄ ရက်)တွင် မီဒီယာများကို ပြောကြားခဲ့သည်။
လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းရှိ တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များကို နိုဝင်ဘာလ ၁၄ ရက်တွင် အပြီးသတ်ချေမှုန်းနိုင်ခဲ့မှုနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်အချို့သည်လည်း လက်နက်ချအညံ့ခံမှုရှိခဲ့ကြောင်း KNDF အဖွဲ့က ယနေ့(နိုဝင်ဘာလ ၁၅ ရက်) တွင် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
အဆိုပါလွိုင်ကော်တက္ကသိုလ်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၂၈)လက်နှင့် ခဲယမ်းပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု KNDF က ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်စေဖို့ ငြိမ်းချမ်းရေးစာချုပ် တရားဝင်ချုပ်ဆိုမှာမဟုတ်ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေး အကြီးအကဲပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း