လာမည့်နှစ်တွင် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၁၂ဝ)ဒေါ်လာထိ မြင့်တက်လာနိုင်ကြောင်း Fitch Ratings ကုမ္ပဏီ သတိပေး
Pika (NSS) - နိုဝင်ဘာ ၁၄
အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခသည် ရေနံထောက်ပံ့မှုများကို ထိခိုက်စေပြီး ၂ဝ၂၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်မှုများရှိလာနိုင်ကြောင်း Fitch Ratings ကုမ္ပဏီက သတိပေးပြောခဲ့သည်။
နိုဝင်ဘာလ(၁ဝ)ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် Fitch Ratings ကုမ္ပဏီသည် ရေနံဈေးနှုန်းများ မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားလာနိုင်သည့်အလားအလာများကို ဖော်ပြခဲ့ကြောင်းလည်း သိရသည်။
၂ဝ၂၄ ခုနှစ်တွင် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇၅)ဒေါ်လာထိ ရောက်ရှိလာနိုင်ပြီး ၂ဝ၂၅ ခုနှစ်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇ဝ)ဒေါ်လာအထိ ရှိလာနိုင်ကြောင်း Fitch Ratings ကုမ္ပဏီက ယခင်က ခန့်မှန်းပြောခဲ့သည်။ သို့သော်လည်း အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခသည် အဆိုပါခန့်မှန်း ချက်များ အားလုံးကိုပြောင်းလဲသွားစေခဲ့ကြောင်း သိရသည်။
Fitch Ratings ကုမ္ပဏီ က "ရေနံထောက်ပံ့ရေး ကန့်သတ်ချက်တွေကြောင့် ၂ဝ၂၄ ခုနှစ်မှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ(၁၂ဝ) ဒေါ်လာထိရှိလာနိုင်ပြီး ၂ဝ၂၅ ခုနှစ်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၁ဝဝ) အထိ ရှိလာမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ရေနံဈေးနှုန်းမြင့်တက်လာတာတွေဟာ GDP တိုးတက်မှုနှုန်းကို ထိခိုက်မှုတွေ ရှိလာစေပါလိမ့်မယ်။ ၂ဝ၂၅ ခုနှစ်မှာတော့ အဲဒီအကျိုးသက်ရောက်မှုတွေအားလုံး ပျောက်ကွယ်သွား ပါလိမ့်မယ်" ဟု ပြောခဲ့သည်။
အဓိက ဖွံဖြိုးစ ဈေးကွက်နိုင်ငံများကြားတွင် အကြီးမားဆုံးသက်ရောက်မှုကို ခံရမည့် နိုင်ငံများမှာ တောင်အာဖရိက နှင့် တူရကီတို့ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။ အစီရင်ခံစာထဲတွင် "ရုရှားနဲ့ ဘရာဇီးလ် တို့ဟာ ရေနံထုတ်လုပ်မှုရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာ ပါဝင်မှုကြောင့် အပြုသဘောဆောင်တဲ့ အကျိုး သက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်" ဟု ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်နိုင်ရေး အလားအလာများကို နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ