ပြီးခဲ့သည့်(၂၄)နာရီအတွင်း ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ အနည်းဆုံး လေးကြိမ်ခန့် တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - နိုဝင်ဘာ ၁၄
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမေရိကန်နှင့် နိုင်ငံတကာတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်(၂၄)နာရီအတွင်း ဒရုန်းများ၊ ဒုံးကျည်များဖြင့် အနည်းဆုံး လေးကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်တပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါတိုက်ခိုက်မှုများကြောင့် လူသေဆုံးခြင်းမျိုးမရှိခဲ့ကြောင်း နှင့် ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိခဲ့ကြောင်း ၎င်းတို့က ထပ်မံပြောကြားခဲ့သည်။
နိုဝင်ဘာလ(၁၂)ရက် ညနေပိုင်းတွင် Al Omar ရေနံကွင်းပြင်အနီးနှင့် al-Shaddadi မြို့ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု အပါအဝင် အမေရိကန်တပ်ဖွဲ့ဝင်များသည် ဒုံးကျည်များ၊ဒရုန်းများဖြင့် သုံးကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း အဆိုပါတာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုဝင်ဘာလ(၁၃)ရက် နံနက်ပိုင်းတွင် Rumalyn Landing ဇုန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဒရုန်းအများအပြားဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့သော်လည်း အခြားဒရုန်းတစ်စင်းမှာ ယာယီတဲလေးလုံးကို ထိမှန်ခဲ့ပြီး ပျက်စီးမှုများရှိခဲ့ကြောင်း အမေရိကန်စစ်တပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။နိုဝင်ဘာလ(၁၂)ရက်တွင် အီရန်နှင့်ဆက်နွယ်နေသော လက်နက်ကိုင်အဖွဲ့များ အသုံးပြုနေသည်ဆိုသည့် အဆောက်အဦးများကို အမေရိကန်ကလေကြောင်းမှ တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ပြီးနောက် အဆိုပါတိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အောက်တိုဘာလ အစောပိုင်းကတည်းက အီရတ် နှင့် ဆီးရီးယားရှိ အမေရိကန် နှင့် အခြားမဟာမိတ်တပ်ဖွဲ့ဝင်များသည် အနည်းဆုံးအကြိမ်(၄ဝ) ခန့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
အစ္စရေး-ဟားမက်စစ်ပွဲတွင် အစ္စရေးအတွက် အမေရိကန်က ထောက်ပံ့ပေးမှုများ လုပ်ဆောင်နေခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်သွေးကြွအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း အမေရိကန်တပ်ဖွဲ့ဝင် အနည်းဆုံး(၅၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တာဝန်များကို ပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန် က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသို့ လက်နက်ထောက်ပံ့ပေးမှုများကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း ပြင်သစ်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ