ယူကရိန်းသို့ လက်နက်ထောက်ပံ့ပေးမှုများကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း ပြင်သစ်အစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၁၄
ပြင်သစ်အစိုးရသည် ၎င်း၏ ကိုယ်ပိုင်လက်နက်တိုက်ထဲမှ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများပေးပို့ခြင်းကို ရပ်တန့်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါလုပ်ဆောင်မှုများအစား ယူကရိန်းသို့ ငွေကြေးရန်ပုံငွေထောက်ပံ့ကာ ပြင်သစ်နိုင်ငံ၏ လက်နက်ထုတ်လုပ် သည့်ကုမ္ပဏီများထံမှ လက်နက်များကို တိုက်ရိုက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ပြင်သစ်စစ်ဘက်ရေးရာဝန်ကြီး Sebastien Lecornu က ပြောကြားခဲ့သည်။
၎င်းက "ငွေကြေးရန်ပုံငွေတွေနဲ့ ဟောင်ဝစ်ဇာအမြောက်တွေဝယ်ယူဖို့ ယူကရိန်းတာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ပြင်သစ်စစ်တပ်ဟာ သူတို့ရဲ့ ကိုယ်ပိုင်လက်နက်တိုက် ကနေ ပြီးတော့ ယူကရိန်းကို လက်နက်တွေ ပေးပို့ပေးနေစရာမလိုတော့ပါဘူး" ဟု ပြောခဲ့သည်။
ယူကရိန်းအတွက် ပြင်သစ်အစိုးရ၏ စစ်ဘက်ဆိုင်ရာ အကူအညီပေးပို့မှုများသည် အမေရိကန်ဒေါ်လာ (၃ ဒသမ ၄) ဘီလျံအထိ ရောက်ရှိခဲ့ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့သည့်လွှတ်တော်အစီရင်ခံစာအရ သိရသည်။
အဆိုပါ ပေးပို့မှုများနှင့်အတူ ယူကရိန်းအတွက် အဓိကဥရောပကျောထောက်နောက်ခံနိုင်ငံများထဲတွင် ပြင်သစ် နိုင်ငံ ပါဝင်လာခဲ့ကြောင်းလည်း သိရသည်။ ပြင်သစ်စစ်လက်နက်ပစ္စည်းများကို ယူကရိန်းဖက်မှ ဆက်လက် သုံးစွဲ နိုင်စေရန်အတွက် ယူကရိန်းသို့ထောက်ပံ့ရေးရန်ပုံငွေအဖြစ် နောက်ထပ် အမေရိကန်ဒေါ်လာ(၂၁၃)သန်းပေးရန် ပြင်သစ်အစိုးရက ကတိပြုခဲ့ကြောင်း Sebastien Lecornu က ပြောခဲ့သည်။
ယူကရိန်းသည် အဆိုပါရန်ပုံငွေများကို လက်နက်ဝယ်ယူရာတွင် အသုံးပြုနိုင်သော်လည်း ပြင်သစ်ကန်ထရိုက်တာများစီတွင်သာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂန္တဝင်ကစားသမား ဆာဘော်ဘီချာလ်တန်၏ ဈာပနနှင့်ဆက်နွယ်ပြီး ဝေဖန်ပြစ်တင်ခံနေသည့် ဂလေဇာ မိသားစု
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ