မြေအောက်ဥမင်လိုဏ်ခေါင်းပြိုကျခဲ့ပြီးနောက် ပိတ်မိနေသူများနဲ့ အဆက်သွယ်ရရှိထားပြီး မကြာမီအပြီးသတ်ကယ်ထုတ်နိုင်မယ်လို့ အိန္ဒိယအစိုးရပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၃
အိန္ဒိယ ကယ်ဆယ်ရေးသမားတွေဟာ လူသွားလမ်းရဲ့အောက်မှာတည်ဆောက်ထားတဲ့ ဥမင်လိုဏ်ခေါင်းပြိုကျပျက်စီးခဲ့ပြီးနောက် အထဲမှာ ၂၄ နာရီကျော်ကြာပိတ်မိနေတဲ့ဆောက်လုပ်ရေးဝန်ထမ်း ၄၀ ကျော်နဲ့ အဆက်သွယ်ရရှိခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။
အိန္ဒိယ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့အကြီးတန်းအရာရှိတစ်ဦးက "ပြိုကျသွားတဲ့ ဥမင် လိုဏ်ခေါင်းထဲမှာပိတ်မိနေတဲ့ ဆောက်လုပ်ရေးအလုပ်သမား ၄၀ ကျော်နဲ့ အဆက်သွယ်ရတယ်။ သူတို့အားလုံးအထဲမှာ ဘေးကင်းစွာရှိနေပါတယ်။"လို့ပြောပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ လမ်းရဲ့အောက်မှာဖြတ်သန်းတည်ဆောက်နေတဲ့ ဥမင်လိုဏ်ခေါင်းဟာ နိုဝင်ဘာလ ၁၂ ရက်က ပြိုကျသွားခဲ့ရာ ဆောက်လုပ်ရေးဝန်ထမ်း ၄၀ ကျော်ပိတ်မိနေခဲ့ကြောင်းသိရပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွဟာ ဥမင်လိုဏ်ခေါင်းပြိုကျခဲ့ပြီးနောက် ပိတ်မိနေသူများကိုရှာဖွေကယ်တင်နိုင်ဖို့အခက်အခဲတွေရှိခဲ့ကြောင်းသိရပါတယ်။
ဥမင်လိုဏ်ခေါင်းရဲ့ အရှည် မီတာ ၂၀၀ လောက် ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး လူတွေဟာ အဲဒီအပျက်အစီးတွေအောက်ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရကပြောပါတယ်။ လက်ရှိအချိန်မှာအပျက်အစီးများအောက် ပိတ်မိနေသူတွေကို ပြန်ကယ်ထုတ်ဖို့ ကြိုးပမ်းနေသလို လိုအပ်တဲ့အောက်ဆီဂျင်တွေလည်း ပေးထားကြောင်း အိန္ဒိယအစိုးရကပြောပါတယ်။ အိန္ဒိယနိုင်ငံ Silkyara မြို့နဲ့ Dandalgaon မြို့ကြားမှာ အရှည် ၂ ဒသမ ၇ မိုင်ကျော်ရှိမယ့် မြေအောက်ဥမင်လိုဏ်ခေါင်းတည်ဆောက်နေခဲ့တာဖြစ်ကြောင်းအိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထီးချိုင့်မြို့ပေါ်သို့ ဝင်ရောက်လာသည့် KIA ၊ PDF အဖွဲ့ဝင်များကို ပြန်လည်တိုက်ထုတ်ပြီးဖြစ်ကြောင်း နစကပြောခွင့်ရဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ