တရုတ်နိုင်ငံက အာဆီယံငါးနိုင်ငံနှင့် ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်မည်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၂
တရုတ်စစ်တပ်သည် လာမည့် နိုဝင်ဘာလ အလယ်ပိုင်းတွင် အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံငါးနိုင်ငံ နှင့် ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းများကို တရုတ်နိုင်ငံ Guangdong ပြည်နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းစစ်ရေးလေ့ကျင့်ခန်းတွင် မြန်မာနိုင်ငံပါဝင်ခြင်းမရှိသော်လည်း မြန်မာနိုင်ငံ၏ အာဆီယံဒေသအတွင်းရှိ အိမ်နီးချင်းနိုင်ငံများပါဝင်ခဲ့ကြောင်းသိရသည်။ တရုတ်စစ်တပ်သည် အာဆီယံဒေသအတွင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့် ခန်းများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် အကြမ်းဖက်မှုများတန် ပြန်ရန် နှင့် ရေကြောင်းလုံခြုံရေးအတွက် အဓိကထားရည်ရွယ်လေ့ကျင့်ခြင်းမျိုးဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံသည် အာဆီယံဒေသအတွင်းနိုင်ငံအချို့ နှင့် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်နယ်မြေအငြင်းပွားမှုများရှိနေသည့် နိုင်ငံဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ နှင့် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်နယ်မြေအငြင်းပွားကာ ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ကြောင်းသိရသည်။
အာဆီယံသည် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ယခုနှစ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်သော စစ်ရေးလေ့ကျင့်ခန်းကို ကျင်းပခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးမောက်မြို့နယ်တွင် ကျေးရွာရာအိမ်မှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ