မိုးမောက်မြို့နယ်တွင် ကျေးရွာရာအိမ်မှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NSS - နိုဝင်ဘာ ၁၂
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ကျေးရွာရာအိမ်မှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၉ ရက်၊ နံနက် ၉နာရီအချိန်တွင် မိုးမောက်မြို့၊ ကြေးနန်းရပ်ကွက်၊ ဗန်းမော်-မိုးမောက်သွားကားလမ်းဘေးရှိ "လပြည့်ဝန်း" လက်ဖက်ရှည်ဆိုင်အတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မံပုံကျေးရွာတွင်နေထိုင်သည့် ရာအိမ်မှူး ဦးမျိုးနိုင်(၅၁)နှစ်သည် အထက်ပါလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေစဉ် PDF အဖွဲ့က ဆိုင်အတွင်းဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးနိုင်တွင် ဦးခေါင်းဝဲချိုစောင်း၌ ကျည်ဖောက်ဝင်ပြီး ယာပါးကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။
ထို့ပြင် အဆိုပါလက်ဖက်ရည်ဆိုင်အတွင်း အလုပ်လုပ်ကိုင်နေသည့် ဦးထွန်းမြင့်(၄၇)နှစ်တွင်လည်း ဝဲခြေဖမိုး ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား မိုးမောင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပါဝင်သော working group များ ဖွဲ့စည်းဆောင်ရွက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း