အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဂူနမ်ပါဒေါင်ကုန်းဟာ ကမ္ဘာ့ရှေးအကျဆုံးပိရမစ် ဖြစ်လာနိုင်
ရောင်နီ (NSS) - နိုဝင်ဘာ ၁၂
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗား၊ ကျွန်းတစ်ခုပေါ်ရှိ တောင်ကုန်းတစ်ခုမှာ ပုန်းကွယ်နေတဲ့ ပိရမစ်တစ်ခုရှိနေပြီး ၎င်းဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပိရမစ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း The Strait Time သတင်းဌာနမှ နိုဝင်ဘာလ ၁၁ ရက်မှာရေးသားထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သုတေသန နဲ့ တီထွင်ဆန်းသစ်မှုအေဂျင်စီမှ ဆက်စပ်စာရေးဆရာ ဒါနေဟေလ်မန်နာတာဝီဂျာဂျာ အပါအဝင် ရှေးဟောင်းသုတေသနပညာရှင်၊ ဘူမိရူပဗေဒပညာရှင်တွေနဲ့ ဘူမိဗေဒပညာရှင်တို့နဲ့ ဖွဲ့စည်းထားတဲ့ ဆက်စပ်အဖွဲ့တစ်ဖွဲ့မှ ဒီအကြောင်းကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပါတယ်။
ဂူနမ်ပါဒေါင်ဟာ မြန်မာလို "ဉာဏ်အလင်းတောင်”လို့လည်းသိကြပြီး မီးငြိမ်းခါနီးဖြစ်တဲ့ မီးတောင်ထိပ်မှာ တည်ရှိပါတယ်။ ဒေသခံတွေရဲ့ အထွတ်အမြတ်ထားရာ နေရာလည်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဂူနမ်ပါဒေါင်ကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နှစ်များစွာအတွင်း တောင်ကုန်းရဲ့ သဘောသဘာဝနဲ့ပတ်သက်ပြီး ပညာရှင်တွေအကြား သဘောထား ကွဲလွဲမှုတွေရှိခဲ့ပါတယ်။ အချို့က ၎င်းဟာ လူလုပ်ပိရမစ်လို့ ဆိုကြသလို အချို့ကလည်း ၎င်းဟာ သဘာဝဘူမိဗေဒဖွဲ့စည်းမှုအရ ဖြစ်ပေါ်လာတဲ့ တောင်ကုန်းလို့ ဆိုကြပါတယ်။ ဒေါက်တာ နာတာဝစ်ဂျာဂျာနဲ့အဖွဲ့ဟာ ဂူနမ်ပါဒေါင်ရဲ့နေရာအများစုကို လူသားလက်နဲ့ ဖန်တီးထားတယ်ဆိုတာတွေ့ရှိခဲ့ပြီး အဆောက်အအုံကို နှစ်ထောင်ပေါင်းများစွာခြားကာ အဆင့်တွေနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။
အဆောက်အဦးဟာ ဘီစီ ၁၄၀၀၀ နဲ့ ၂၅၀၀၀ အကြား တည်ဆောက်ထားတာဖြစ်ပြီး ဒါကြောင့် ဂူနမ်ပါဒေါင်ဟာ အနည်းဆုံး နှစ်ပေါင်း ၁၆၀၀၀ သက်တမ်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပိရမစ်ဟာ ဘီစီ ၁၁၀၀ မှ ဘီစီ ၂၀၀၀ အတွင်းမှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။
ဂူနမ်ပါဒေါင် ကွင်းဆင်းစစ်တမ်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ အဆုံးသတ်ခဲ့တာဖြစ်ကာ လေ့လာမှုမှာ တောင်ကုန်းရဲ့ ဗဟိုမှမြေနမူနာတွေကိုပါ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုဌဝတီမြစ်ကူးကျင်သီတံတားကို TNLA အဖွဲ့ မိုင်းခွဲဖျက်ဆီး၊ ၎င်းလုပ်ရပ်သည် ပြည်သူကို တိုက်ရိုက်စော်ကား တိုက်ခိုက်ခြင်းဖြစ်ဟု နစက တုံ့ပြန်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ