အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲသွားမယ်လို့ ပါလက်စတိုင်းလိုလားသူအုပ်စု ဆန္ဒပြတောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၂
အမေရိကန်နိုင်ငံရှိ ပါလက်စတိုင်း လိုလားတဲ့ ဆန္ဒပြသူရာချီဟာ နိုဝင်ဘာလ ၁၁ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့အိမ်ယာအဆောက်အဦးအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြောင်းသိရပါတယ်။
ဆန္ဒပြသူတွေဟာ ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်နေတဲ့ အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးခြင်းတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတကို ဝေဖန်ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ဂါဇာဒေသစစ်ပွဲအမြန်ဆုံးအဆုံးသတ်ဖို့ နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ပုန်းမနေဖို့ ၊ ဂျိုးဘိုင်ဒန်ကို စစ်ရာဇာဝတ်မှုနဲ့ စွဲချက်တင်မယ်လို့ အော်ဟစ်ကြွေးကြော်ခဲ့ပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက "စစ်ပွဲ၊ ပဋိပက္ခတွေကြောင့်သေဆုံးတာ၊ ထိခိုက်ဆုံးရှုံးတာတွေဖြစ်နေတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ အမေရိကန်နိုင်ငံသမိုင်းရဲ့အမွေနှစ်မဟုတ်ဘူး" လို့ပြောပါတယ်။
အမေရိကန်နိုင်ငံအတွင်းရှိ ပါလက်စတိုင်းလိုလားသူ အများအပြားဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေကလည်း အမေရိကန်အစိုးရအဖွဲ့ အဆောက်အဦးနားတွေမှာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရပါတယ်။ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံဟာအစ္စရေးနိုင်ငံရဲ့ကိုယ့်ကိုကိုယ်ကာကွယ်ခွင့်ကို အပြည့်အ၀ အားပေးထောက်ခံသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတက ဟားမက်စ်အဖွဲ့တွေကို အစ္စရေးနိုင်ငံက အပြီးတိုင်မချေမှုန်းနိုင်ချိန်အထိ ဂါဇာဒေသမှာအပစ်ခတ်ရပ်စဲရေးတွေ ဖြစ်လာမှာမဟုတ်သေးကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကပြောခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာအစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ကမ္ဘာတဝှမ်းမှာ ပါလက်စတိုင်းလိုလားထောက်ခံတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေပြီး အမေရိကန် နဲ့ အစ္စရေးအစိုးရတို့ကို ပြစ်တင်ရှုတ်ချနေကြောင်းသိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၁ သောင်းကျော်သေဆုံးထားရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ တောင်းဆိုထားပေမယ့် အစ္စရေးနိုင်ငံက မျက်ကွယ်ပြုနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကယားပြည်နယ်၌ တပ်မတော်၏ လေ့ကျင့်ရေးအပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ