ရုရှားနဲ့ ယူကရိန်းစစ်ပွဲဟာ မကြာမီမှာ အရေးကြီးတဲ့အလှည့်အပြောင်းကာလကို ရောက်ရှိလာတော့မှာဖြစ်ကြောင်း ပြင်သစ်သမ္မတပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၂
ယူကရိန်းစစ်ပွဲဟာ ဒီနှစ်အကုန်မှာအရေးကြီးတဲ့အလှည့်ပြောင်းကာလကိုရောက်ရှိလာတော့မှာဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အချိန်သတ်မှတ်တာမျိုးမရှိသေးပေမယ့် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးအနာဂတ်မှာ မျှတကောင်းမွန်တဲ့ စေ့စပ်ဆွေးနွေးမှုမျိုးဖြစ်လာဖွယ်ရှိနေကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရုရှားတပ်ဖွဲ့တွေကို ကာလအတန်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်းသိရပါတယ်။ ပြင်သစ်သမ္မတက အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် လာမယ့်လနောက်ဆုံးထားထောက်ပံ့ပေးခြင်းမျိုးသာ လုပ်ဆောင်သင့်ကြောင်း၊ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းမှာတွေ့ဆုံရတာမျိုးမရှိသေးကြောင်း၊ ဒါကို ယူကရိန်းဘက်က ဆုံးဖြတ်ရမှာဖြစ်ကြောင်း ပြောပါတယ်။
၎င်းက "ဆွေးနွေးတယ်ဆိုရာမှာလည်း မျှတပြီး ကောင်းမွန်တဲ့ စေ့စပ်ဆွေးနွေးမှုဖြစ်ဖို့လိုအပ်တယ်။ ရုရှားနိုင်ငံနဲ့ ယူကရိန်းကြား အဖြေတစ်ခုရဖို့ စားပွဲဝိုင်းမှာဆွေးနွေးရမှာဖြစ်ကြောင်း ပြင်သစ်သမ္မတကပြောပါတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံကို ဇွန်လကစတင်ပြီး တန်ပြန်ထိုးစစ်ဆင်နွဲခဲ့ပေမယ့် ရှေ့တန်းစစ်မျက် နှာပြင်မှာရလဒ်တွေကို ပြောင်းလဲနိုင်စွမ်းမရှိခဲ့ပါဘူး။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းဟာ တန်ပြန်ထိုးစစ်ဆင်နွှဲချိန်အတွင်း တပ်ဖွဲ့ဝင် (၉)သောင်းကျော်၊ တင့်ကား ၆၀၀ ကျော်နဲ့ သံချပ်ကာယာဉ် ၁၉၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်းဆိုပါတယ်။
ရုရှားဟာ ယူကရိန်းနဲ့ဆွေးနွေးဖို့ လမ်းကြောင်း ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပေမယ့် ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေကို ပြန်လည်မရမချင်း တိုက်ခိုက်မှုတွေ ရပ်တန့်မှာမဟုတ်ဘူးလို့ မကြာသေးမီကထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲသွားမယ်လို့ ပါလက်စတိုင်းလိုလားသူအုပ်စု ဆန္ဒပြတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ