ဟာဝိုင်အီမှာရှိတဲ့ ရေကန်တစ်ခုရဲ့ ရေအရောင်းတွေ ပန်းရောင်အဖြစ်ပြောင်းလဲ
ရောင်နီ(NSS) - နိုဝင်ဘာ ၁၁
ပင်လယ်ရှုခင်းနဲ့ ကျွန်းအလှကြောင့် အပန်းဖြေနေရာအဖြစ် နာမည်ကျော်ကြားတဲ့ ဟာဝိုင်အီရဲ့ မာဝီကျွန်းမှ ကီရာလီရာရေကန်မှာ သဘာဝအတိုင်း ပန်းရောင်းပြောင်းသွားတဲ့ ထူးထူးခြားခြားဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ကျွမ်းကျင်သူ သိပ္ပံပညာရှင်တွေကတော့ မိုးခေါင်ခြင်းကြောင့် ဖြစ်တယ်လို့ ယူဆထားပြီး ရေကန်ထဲဆင်းခြင်း သို့မဟုတ် ရေကိုသောက်သုံးခြင်းတို့ မပြုဖို့ သတိပေးထားပါတယ်။
မာဝီကျွန်း Kealia Pond National Wildlife Refuge မှ ဝန်ထမ်းတွေက အဆိုပါရေကန် ပန်းရောင်ပြောင်းလဲသွားမှုဖြစ်စဉ်ကို အောက်တိုဘာလ ၃၀ ကတည်းက စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။ ကမ်းခြေမှ လူတစ်ယောက်ဆီက သတင်းပို့ချက်တစ်ခုရခဲ့ပြီး ဒီဖြစ်ရပ်ကို သိရှိရခြင်း ဖြစ်တယ်လို့ Refuge မန်နေဂျာ ဘရက်ဝုဖ်က ပြောပါတယ်။
ရေကန် ပန်းရောင်ပြောင်းခြင်းဟာ အဆိပ်ရှိတဲ့ ရေညှိတွေ ပေါက်ရောက်ခြင်းကြောင့်လားဆိုပြီး အစောပိုင်းက စိုးရိမ်ခဲ့ပေမယ့် ဓာတ်ခွဲခန်းရလဒ်အရ အဆိပ်ရှိတဲ့ ရေညှိတွေကြောင့် မဟုတ်ဘဲ halobacteria ခေါ် ဆားဓာတ်ကြောင့်ဖြစ်တဲ့ သက်ရှိဆဲလ်တစ်မျိုးကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ကီရာလီရာ ရေထွက်ပေါက်ဧရိယာအတွင်း ဆားငန်ဓာတ်ဟာ လက်ရှိ ပင်လယ်ရေ ဆားငန်ဓာတ်ရဲ့နှစ်ဆဖြစ်နေပြီး ရေထဲမှ ဇီဝရုပ်တွေကို အတိအကျ သိရှိနိုင်စေဖို့ DNA ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဝုဖ်က ဆိုပါတယ်။
မိုးရွာလို့ ဝေကာပုချောင်းမှ ကီရာလီရာ ကန်ထဲကို မိုးရေတွေ စီးဝင်သွားမယ်ဆိုရင်တော့ ကန်ရဲ့ဆားငန်ဓာတ် လျော့ပြီး ရေအရောင် ပုံမှန်ပြန်ပြောင်းသွားနိုင်တယ်လို့ ယူဆထားပါတယ်။ ဟာဝိုင်အီကျွန်းဟာ ရှားပါးငှက်နဲ့ တောရိုင်းတိရိစ္ဆာန်တွေ ခိုလှုံနေထိုင်ရာ နေရာတစ်ခုဖြစ်ပြီး ကီရာလီရာ ရေအရောင်ပြောင်းခြင်းဟာ ငှက်တွေကို အန္တရာယ်ပြုပုံမပေါ်ဘူးလို့ ဝုဖ် က ပြောပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက လူတွေ ရေထဲမဆင်းဖို့နဲ့ ကန်ထဲက ဖမ်းမိတဲ့ငါးတွေကို မစားသုံးဖို့ သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ ကိုယ်အလေးချိန်ကျစေတဲ့ ဆေးဝါးအချို့မှာ အဆိပ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေခြင်းကြောင့် ရောင်းချခြင်းကန့်သတ်ထား
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ