ဟောင်ကောင်မှာ အာဖရိက ဝက်အပြင်းဖျားရောဂါ တွေ့ရှိခြင်းကြောင့် ဝက်ကောင်ရေ ၅,၆ဝဝ ကို ရှင်းလင်း
ရောင်နီ (NSS) - နိုဝင်ဘာ ၁ဝ
ဟောင်ကောင်မှာ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ဗိုင်းရပ်စ်ကို ဒေသတွင်း ဝက်မွေးမြူရေးခြံတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ဝက်အကောင်ရေ ၅,၆ဝဝ ခန့်ကို သုတ်သင်ရှင်းလင်းဖို့ ကြာသပတေးနေ့ (နိုဝင်ဘာ ၉ ရက်) မှာ ဟောင်ကောင်အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။
တရုတ်ပြည်မကြီး နယ်စပ်အနီး၊ ယူရန်လန်ကျေးလက်ဒေသ ရှိ လိုင်စင်ရ ဝက်မွေးမြူရေးခြံမှ ဝက် ၃၇ ကောင်မှ နမူနာတွေမှာ ASF ဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့တာကြောင့် အခုလိုသုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ ထိန်းသိမ်းရေးဦးစီးဌာန (AFCD) က မွေးမြူရေးခြံကို သန့်ရှင်းရေးနဲ့ ပိုးသတ်ဆေးတွေ စီစဉ်ပေးမှာဖြစ်ပြီး လိုအပ်ရင် ဝက်ခြံတွေကို အနီးကပ်စောင့်ကြည့်ကာ စမ်းသပ်မှုများ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ကြောင့် ဝက်အရှင် ထောက်ပံ့မှုနဲ့ ဒေသတွင်း သားသတ်ရုံတွေရဲ့လည်ပတ်မှုကို အလုံးစုံ ထိခိုက်သွားမှာ မဟုတ်ဘူးလို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒီပြဿနာကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ဆီ အကြောင်းကြားထားပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူတွေနဲ့ပူးပေါင်းကာ ဗိုင်းရပ်စ်ကူးစက်မှုစတင်ခဲ့တဲ့အရင်းအမြစ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဌာနက ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၁ဝ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ